လွတ်လပ်ခြင်း အရသာ အပြည့်အဝ ခံစားနိုင်စေဖို့ အတွက် လန်ဒန်က စားသောက်ဆိုင် အသစ်တစ်ခုက အဝတ်အစားမပါဘဲ စားသောက်နိုင်ရန် စီစဉ်ထား

rsz_shutterstock_175358081.jpg
ဒီနှစ်နွေရာသီမှာ လန်ဒန်မှာ ရှိတဲ့စားသောက်ဆိုင်အသစ်တစ်ခုက အဝတ်မပါဘဲ ကိုယ်လုံးတီး စားသောက်နိုင်ဖို့ စီစဉ်ရောင်းချမှာ ဖြစ်ပါတယ်။ သူတို့က ခေတ်သစ် စက်မှု အသုံးအဆောင်များ လုံးဝသုံးစွဲမထားဘဲ လက်နဲ့လုပ်ထားတဲ့ မြေပန်းကန် ခွက်ယောက်တွေ၊ စားလို့ရတဲ့ ဇွန်းခက်ရင်းတွေကိုသုံးပြီး ထင်းနဲ့ ကင်ထားတဲ့ အသားတွေကို ရောင်းချမှာ ဖြစ်ပါတယ်။
 
ဒီစားသောက်ဆိုင်ကို ဟင်ဒီဘာသာနဲ့ သဘာဝ လို့အဓိပ္ပါယ်ရတဲ့ Bunyadi လို့ အမည်ပေးထားပါတယ်။ ဒီဆိုင်မှာ စားသုံးဖို့ အတွက် မဖြစ်မနေ အဝတ်အစား မဝတ်ရဘူးလို့တော့ သတ်မှတ်မထားပါဘူး။ ဆိုင်ထဲမှာ အဝတ်ပါတဲ့ စားသောက်ဖို့ နေရာနဲ့ အဝတ်မပါတဲ့ နေရာဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ စားသုံးသူတွေအတွက် အဝတ်လဲခန်းတွေ၊ ဗီရိုတွေ၊ ဝတ်ရုံတွေကလည်း စီစဉ်ပေးထားပါတယ်။
 
စားသောက်ဆိုင် အတွင်းမှာ သဘာဝ ဝါးအကာတွေနဲ့ ဖယောင်းတိုင်တွေကို အသုံးပြုပြီး စားသုံးသူတွေရဲ့ အရှက်၊ လုံခြုံမှု မထိခိုက်စေဖို့ သေချာ ဒီဇိုင်းဆွဲထားပါတယ်။
[[{“fid”:”16421″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]
 
ကျွန်တော်တို့က လူတွေကို ဓာတုပစ္စည်းတွေ၊ အရောင်အတုတွေ၊ လျှပ်စစ်တွေ၊ ဓာတ်ငွေ့တွေ၊ ဖုန်းတွေစတဲ့ ခေတ်သစ် ရှုပ်ထွေးမှုတွေ မသန့်စင်မှုတွေ တစ်ခုမှ မပါဘဲ နောက်ဆုံး အဝတ်အစားတောင်မပါဘဲ  လွတ်လပ်စွာ အပြင်ထွက်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိစေနိုင်စေဖို့နဲ့ လွတ်လပ်မှု အစစ်ကို ခံစားနိုင်စေဖို့ ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်မှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
 
ဒီစားသောက်ဆိုင်မှာ စားဖို့ လူတစ်ယောက်ကို $ 80 – $ 95 ကြားကျသင့်မှာ ဖြစ်ပြီး ဒီဆိုင်မှာ စားဖို့အတွက် စာရင်းပေးထားသူပေါင်း 20000 ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
Ref:twentytwowords
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.