အိမ်မွေးတိရိစ္တာန်တွေအတွက် အုန်းဆီ အသုံးပြုနည်း (၆) နည်း

6-ways-how-to-use-coconut-oil-for-pets1.jpg

အုန်းဆီဟာ လူတွေကို ကောင်းကျိုးပြုတာ ကျွန်ုပ်တို့သိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့ အိမ်မွေးတိရိစ္ဆာန် ကောင်းကျိုးအတွက်လည်း အုန်းဆီကို သုံးနိုင်ပါတယ်။

၁။ ယားယံခြင်း

ဓာတ်မတည့်မှုတွေထဲမှာ အထွတ်ထိပ်ရောက်တဲ့ အရေပြားနီပြီး ယောင်အန်းနာကျင်ခြင်းက အဆိုးဆုံးဖြစ်ပါတယ်။ ဒါဟာ ယားယံခြင်း၊ အနာဖေး ဗရပွနားရွက်တွေကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အိမ်မွေးတိရိစ္ဆာန်တွေဟာ သွေးထွက်အောင် သူတို့ကိုယ်သူတို့ ကုတ်ခြစ်တတ်ပါတယ်။ အဲဒီပြသနာအတွက် အုန်းဆီ က အထောက်အကူဖြစ်နိုင်ပါတယ်။

အုန်းဆီက ခြောက်သွေ့ ယောင်ရမ်းတဲ့ အရေပြားကို အာဟာရဖြစ်စေပြီး ယားယံခြင်းကို အောင်မြင်စွာ လျော့နည်းစေပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့ အပြုအမူ တချို့ရှိပါတယ်။ မိမိအိမ်မွေးတိရိစ္ဆာန်ဟာ ခြေဖဝါးတွေ ကိုက်ဝါးနေပြီဆိုပါက allergy ဖြစ်တဲ့ လက္ခဏာဖြစ်ပါတယ်။

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပေါင် ၄၀ ကျော်တဲ့ ခွေးများအတွက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အဲ့ဒီထက် အလေးချိန်ပိုနည်းတဲ့ ခွေးများအတွက်တော့ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်း ယူပါ။ ဒါကို ခွေးတွေ တကယ်ကြိုက်ပါတယ်။

၂။ နွေရာသီအစာ

ပူနွေးတဲ့ရာသီဥတုမှာ ခွေးတွေအတွက် အကောင်းဆုံး အစားအစာက အုန်းဆီဖက် ဖြစ်ပါတယ်။ မြေပဲထောပတ်နဲ့ အုန်းဆီကို ရော၊ ခဲစေပြီး ခွေးကို ကျွေးပါ။

၃။ ခြေဖဝါးအက်ကွဲခြင်း

ခွေးတွေ ဖဝါးနဲ့ ဘာမဆို လုပ်ကြပါတယ်။ ဒါကြောင့် ဖဝါးတွေ အလွယ်တကူ ကြမ်းတမ်း၊ အသားမာတက်ပြီး ထူထပ်လာတယ်။ ခြောက်သွေ့မှု အမြင့်ဆုံးရောက်ပြီး ခြေဖဝါးအက်ကွဲတဲ့အခါ အုန်းဆီအနည်းငယ် ပွတ်ပေးပါ။ မိမိအသားရေလို ချောမွေ့လာပါလိမ့်မယ်။

၎။ နားရွက်သန့်စင်ဆေး

သင့်ခွေးရဲ့ နားရွက်အပြင်ဘက် ညစ်ပတ်ကောင်း ညစ်ပတ်နိုင်ပါတယ်။ ဂွမ်းဖတ်လေးနဲ့ သန့်ရှင်းပေးပါ။ ပြီးနောက် အုန်းဆီအနည်းငယ်ယူပြီး ပွတ်ပေးပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ပိုမိုကျန်းမာ သန့်ရှင်းပါလိမ့်မယ်။

၅။ နှာခေါင်းခြောက်သွေ့ပြီး အက်ကွဲပါက အုန်းဆီပွတ်လိမ်းပေးပါ။

၆။ တောက်ပြောင်ခြင်း

မိမိခွေးရဲ့ အသားရေနဲ့ အမွေးအမျှင်တွေ ပိုမိုတောက်ပစေချင်ရင် ပေါင် ၃၀ ကျော်တဲ့ ခွေးတွေကို အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကျွေးပြီး ပေါင် ၃၀ အောက်လျော့တဲ့ ခွေးတွေကိုတော့ ၁ ဇွန်း ကျွေးပါ။ 

Ref: GMC

4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.