ဗြိတိန် စားသောက်ဆိုင်တွေမှာ ၀န်ဆောင်ခ ကောက်ခံမှု ကို တားမြစ်တော့မည်

ad_204763309.jpg
စားသောက်ဆိုင်တစ်ခုကို သွားတဲ့အခါ စားသောက်ပြီးလို့ ဘေလ်ရှင်းရင် စိတ်တိုင်းမကျဆုံးအရာက အခွန်အခ ပေးဆောင်ရမှု နဲ့ စားသောက်ဆိုင်ရဲ့  ၀န်ဆောင်ခ တို့ပေါင်းထည့် ကောက်ခံတာပဲ ဖြစ်မှာပါ။ ဗြိတိန်နိုင်ငံမှာတော့ ဒီကိစ္စကို ဖြေရှင်းတော့မှာပါ။ ဗြိတိန်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တွေဟာ မကြာခင်မှာ စားသုံးသူတွေရဲ့  ကျသင့်ငွေမှာ ၀န်ဆောင်ခ ထည့်သွင်းတောင်းခံမှုနဲ့ ၀န်ထမ်းတွေအတွက် မုန့်ဖိုးပေးခြင်းအား ကြားဖြတ် ယူငင်ခြင်း တို့ကို တားမြစ်တော့မှာ ဖြစ်ပါတယ်။
 
ဗြိတိန် အစိုးရက စားသောက်ဆိုင်တွေအနေနဲ့ စားသုံးသူအတွက် ပေးတဲ့ ၀န်ဆောင်မှုဟာ စေတနာအလျောက် အခမဲ့သာ ဖြစ်သင့်ပြီး ၀န်ထမ်းတွေရဲ့  တာဝန်ဖြစ်တယ်ဆိုတာ သေချာအောင် လုပ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 
ဒါ့အပြင် စားသောက်ဆိုင်တွေအနေနဲ့ စားသုံးသူဘက်က ၀န်ထမ်းရဲ့  စေတနာကို အသိအမှတ်ပြုလို့ ပေးအပ်တဲ့ မုန့်ဖိုးများကို ကန့်သက်ခြင်း ၊ တားမြစ်ခြင်း မပြုလုပ်ရဘူးလို့လည်း အစိုးရ က ထုတ်ပြန်ခဲ့ပါတယ်။ 
 
ဗြိတိန် နိုင်ငံ က စားသောက်ဆိုင်အများစု ဟာ ဘေလ်ရှင်းရင် ၀န်ထမ်းတွေအတွက်ပေးထားခဲ့တဲ့ မုန့်ဖိုးများကို ၀န်ထမ်းတွေကို ပြန်မပေးပဲ သိမ်းဆည်းထားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။  စီးပွားရေး ၀န်ကြီးဌာနရဲ့  အတွင်းရေးမှုးတစ်ယောက်ဖြစ်တဲ့ Sajid Javid ကတော့ “တစ်ခုတည်းသော အစိုးရအဖြစ် ကျွန်တော်တို့က အလုပ်သမားတွေအနေနဲ့ မုန့်ဖိုးပေးတာကို လက်ခံ သိမ်းဆည်းထားခွင့် ပေးချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့  မုန့်ဖိုးပေးတဲ့ အလေ့အထတွေဟာ ဝေဖန်ခံနေရပါတယ်။ အဲဒါကို ပြောင်းလဲရမှာပါ။ ၀န်ဆောင်မှု လုပ်ငန်းနယ်ပယ်မှာရှိတဲ့ ၀န်ထမ်း သန်းပေါင်းများစွာအတွက် ပိုမိုကောင်းမွန်တဲ့သဘောတူညီချက်တွေဖြစ်လာဖို့ အခုလို ထုတ်ပြန်ရတာဖြစ်ပါတယ်။ လိုအပ်ရင် တရားဝင် သတ်မှတ်ဖို့အပါအ၀င် အခြားရွေးချယ်ခွင့်တွေကိုလည်း အနီးကပ်လေ့လာနေပါတယ်” လို့ ဆိုပါတယ်။
 
စည်းလုံးမှု သမဂ္ဂ ဆိုတဲ့ နိုင်ငံရေးပါတီတစ်ခုက နိုင်ငံရေးသမား Dave Turnbull ကလည်း “ဒါဟာ ဒီနယ်ပယ်အတွင်းမှာ ပင်ပန်းစွာအလုပ်လုပ်ကိုင်နေတဲ့ ၀ိတ်တာ ၀န်ထမ်းတွေအတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ။ သူတို့ လိုချင်တာကလည်း သူတို့တစ်နေ့တာ ရရှိခဲ့တဲ့ ၀န်ဆောင်မှု လုပ်အားခတွေကို အဖြတ်အတောက်မရှိပဲ အိမ်ပြန်ယူသွားဖို့ပါ” လို့  မှတ်ချက် ပြုပြောပြခဲ့ပါတယ်။
 
Ref:metro.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.