တစ်ကိုယ်တည်းသမား(Single) တစ်ယောက်ဖြစ်ကြောင်း ၀န်ခံလိုက်တဲ့ Jennifer Lawrence

hd-aspect-1459874430-hbz-jennifer-lawrence-may-2016-09.jpg
ပရိသတ် တို့ရဲ့  အသည်းစွဲ သရုပ်ဆောင်မလေး Jennifer Lawrence က ပရိသတ် တွေ ၀မ်းသာရမယ့် သတင်းတစ်ခုကို ပြောပြလာပါတယ်။ Jennifer Lawrence ရဲ့  မှတ်တမ်းရုပ်ရှင် အသစ်တစ်ခုအဖြစ်တဲ့ “A Beautifil Planet” ရဲ့  ပွဲဦးထွက် ပြသပွဲ အတွက် အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။
 
ထို အင်တာဗျူးမှာတော့ ဂျာနယ်လစ် A.J. Calloway က J.Lawrence ရဲ့  အချစ်ရေးနဲပ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “Joy” ဇာတ်လမ်းရဲ့  မင်းသမီးက အံ့အားသင့်စရာ ဖွင့်ဟ ၀န်ခံမှုကို ပြုလုပ်ခဲ့ပါတယ်။ “အချစ်ရေးကဘယ်လိုလဲ” ဆိုတဲ့ မေးခွန်းကို J.Lawrence က သူမဟာ တစ်ကိုယ်တည်း သမား(Single) တစ်ယောက်ဖြစ်တာဟာ နောက်နေတာ မဟုတ်ကြောင်းပြောပြခဲ့သလို “တစ်ကယ်ကို ၀မ်းနည်းစရာပါ။ ကျွန်မဟာ ယောကျာင်္းတစ်ယောက်ရဲ့  အထိအတွေ့ကို မခံစားခဲ့ရတာ…” လို့ ပြောလိုက်စဉ်မှာပဲ မေးမြန်းနေသူပါ J.Lawrence နဲ့အတူ ရယ်မော ခဲ့ရပါတယ်။
 
အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ Jennifer Lawrence ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အထိ “X-Men” ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Nicholas Hoult နဲ့ တွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Coldplay အဖွဲ့ရဲ့  ရှေ့ထွက်အဆိုတော် Chris Martin နဲ့ တွဲခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီမှာ သူတို့ ၂ ယောက်ဟာ လမ်းခွဲခဲ့ကြပြန်ပါတယ်။
 
လက်ရှိမှာတော့ တစ်ကိုယ်တည်းသမား Jennifer Lawrence ဟာ သူမရဲ့ အချိန်တွေကို သူငယ်ချင်းဖြစ်သူ ဟောလီးဝုဒ်မင်းသမီး Amy Schumer နဲ့အတူ ဖြတ်သန်းနေပြီး သူမတို့ ၂ ယောက်ဟာ Screenplay တစ်ခုကိုလည်း အတူတကွ ရေးသားနေကြတယ်လို့ Entertainment Tonight ဆိုတဲ့ သတင်းဌာနက ဖော်ပြထားပါသေးတယ်။
 
Ref:huffingtonpost
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.