ရုပ်ပျက်ဆင်းပျက် ပိန်ချုံးသွားတဲ့ Soulja Boy

0502-fish-souljaboy-2.jpg
မြင်ရတာ စိတ်မကောင်းစရာပါ။ ဂီတ လှုပ်ရှားမှုတွေ အားနည်းလာတဲ့ Rap အဆိုတော် Soulja Boy နဲ့ ပတ်သက်ပြီး ဘာသတင်းထူးမှ ပြောစရာမရှိပေမယ့်လည်း သူ့ရဲ့  ထူးဆန်းစွာ ရုတ်ချည်း ပြောင်းလဲသွားမှု အတွက်တော့ ပြောစရာ ရှိလာပါပြီ။ 
 
Soulja Boy ဟာ အသက် ၂၅ နှစ်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူ့ ပရိသတ် တစ်ယောက် ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံမှာတော့ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ Rapper ဟာ ပိန်ချုံးပြီး ကြည့်မကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပါတယ်။ ထို ဓါတ်ပုံဟာ သူ မဟုတ်ဘူးလို့တော့ ပြောလို့ မရပါဘူး။ ထို ဓါတ်ပုံထဲမှာ ၀တ်ထားတဲ့ အ၀တ်အစားတွေနဲ့ပဲ Soulja Boy ဟာ Instagram မှာ ဗီဒီယို တစ်ခုတင်ထားတာကို တွေ့ရပြီး ထို ဗီဒီယိုထဲမှာတော့ သူ့ရဲ့  ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အနေအထားကို မမြင်ရအောင် Hoodie အကျီင်္နဲ့ ဖုံးကွယ်ထားတာကိုလည်း တွေ့ရပါတယ်။
 
သူဘာဖြစ်သွားတာလည်းဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ၁၉၉၅ ခုနှစ်တုန်းကလည်း ကမ္ဘာကျော် Rap အဖွဲ့ဖြစ်တဲ့ N.W.A အဖွဲ့ဝင် Eazy-E ဟာ တစ်ဖြည်းဖြည်း ပိန်ချုံးလာခဲ့ရာကနေ နောက်ဆုံးမှာ AIDS ရောဂါ ရှိနေကြောင်း ၀န်ခံပြောကြားပြီး သေဆုံးသွားခဲ့ဖူးပါတယ်။
 
Ref:fishwrapper
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.