လေယာဉ်အဆင်းအတက် လုပ်နေစဉ် ပြတင်းလိုက်ကာ ဘာကြောင့်ဖွင့်ခိုင်းသလဲဆိုတာ

8147802840_6139c92b29_b_plane-window-750x500.jpg

လေယာဉ်စီးရင် မြေပြင်ကနေ ပျံတက်တဲ့အချိန်နဲ့ မြေပြင်သို့ ဆင်းသက်တဲ့အချိန် လေယာဉ်မယ်တွေ ခရီးသည်တွေကို ပြတင်းပေါက်ခန်းဆီးလိုက်ကာ ' မ' တင်ကြဖို့ မေတ္တာရပ်ခံတာ သတိပြုကောင်း ပြုမိပါလိမ့်မယ်။

ဘာကြောင့်လဲ။ ပြေးလမ်းကြည့်ဖို့လား။ မြေပြင်သို့ သက်ဆင်းတာ (သို့) လေယာဉ်တောင်ပံ တဖျပ်ဖျပ်လှုပ်တာ ကြည့်ဖို့လား။ တကယ်တော့ ရိုးရှင်းတဲ့အကြောင်းရင်းတစ်ခုမှာတော . . .

FAA စည်းမျဉ်းထဲမှာ လေယာဉ်မယ်တွေဟာ မိနစ် ၉၀ အတွင်း ခရီးသည်များအား ဘေးကင်းရာသို့ ပြောင်းရွေ့ပေးနိုင်ကြောင်း ပြဌာန်းထားပါတယ်။ အပြင်ဘက်မှာ အရေးပေါ်တစ်စုံတစ်ခုပေါ်ပေါက်ပါက လေယာဉ်မယ်တွေ အခြေအနေကို လျန်မြန်စွာ အကဲခတ်နိုင်ပြီး ဘေးကင်းလုံခြုံစိတ်ချရဆုံး ဖြစ်နိုင်တဲ့ လေယာဉ်ထွက်ပေါက်ဆီ ခရီးသည်တွေကို လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဥပမာ – လေယာဉ်ညာဘက်ခြမ်း အင်ဂျင်မီးလောင်နေပါက ခရီးသည်တွေကို လေယာဉ်ဘယ်ဘက်ဆီသာ လမ်းညွှန်ပေးပါလိမ့်မယ်။

ဒါ့ကြောင့် နောက် လေယာဉ်စီးတဲ့အခါ ပြတင်းခန်းဆီး မတင်ဖို့ မေတ္တာရပ်ခံတဲ့အခါ အားလုံး အသက်လုံခြုံဖို့အတွက်ဆိုတာ နားလည်သဘောလိုက်ပါ။ 

Ref: Simplemost 

761 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.