အမေရိကန်မှာ ဇီကာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကို ပထမဆုံးအကြိမ် အတည်ပြု

rtx24zo4.jpg
ပြီးခဲ့တဲ့ သောင်္ကြာ နေ့ကပဲ ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေး စင်တာ(CDC) က ကြေညာမှုတစ်ခု ပြုလုပ်ခဲ့ပါ တယ်။ အဲဒါကတော့ Puerto Rican ဒေသမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးဟာ ဇီကာ ဗိုင်းရပ်စ် နဲ့ ဆက်စပ်နေတဲ့ သွေးထွက်လွန်ရောဂါ တစ်မျိုးကြောင့် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့တယ်ဆိုပါပဲ။ 
 
ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့  ပထမဆုံး ဇီကာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး သေဆုံးမှုလည်း ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။  ထိုအမျိုးသားဟာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေအတွက် တစ်ပတ်ခန့် ဆေးကုသမှု ခံယူခဲ့ပါသေးတယ်။  “သူ သက်သာသွားပြီး ရက်အနည်းငယ် အကြာမှာပဲ သူဆေးရုံကို သွေးထွက်လွန်ရောဂါ တစ်မျိုးရဲ့  လက္ခဏာတွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့ Immune Thrombocytopenic Purpura (သို့) ITP လို့ခေါ်တဲ့ရောဂါ တစ်မျိုးလည်း စွဲကပ်လာပါတယ်။ အဲဒီရောဂါကတော့ လူတစ်ယောက်ရဲ့  ခုခံအား စနစ်က သွေးဆဲလ်တွေကို တိုက်ဆိုက်ပြီး အေးခဲစေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူကြီးတစ်ယောက်အတွက် ဒါမျိုးတွေက ဖြစ်လေ့ရှိတဲ့ ကျန်းမာရေး အခြေအနေတွေဖြစ်ပြီး အသက်အန္တရာယ် မရှိနိုင်ခဲ့ပါဘူး။” လို့ အရေပြား ရောဂါ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Tyler Sharp က ဆိုပါတယ်။
 
 
ထို အမျိုးသားရဲ့  သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ကတည်းက ထုတ်ပြန်မှု မပြုလုပ်ခဲ့ခြင်းဟာ တိကျတဲ့ သေဆုံးမှု အကြောင်းအရင်းကို မသိရှိသေးခဲ့တာကြောင့်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။  ဇီကာ ဆိုတာဟာ ခြင် အမျိုးအနွယ် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အေးဒီးစ် ဆိုတဲ့ ခြင် အမျိုးအစားတွေက တဆင့် ပျံ့နှံ့လေ့ရှိပါတယ်။ ထိုရောဂါ စွဲကပ်သွားပြီဆိုရင်တော့ အလွန်ဆုံး တစ်ပတ်ခန့်သာ ရှင်သန်ခွင့်ရှိပါတယ်။ ထိုရောဂါကို ကုသနိုင်ဖို့အတွက် ဆေးမရှိသေးသလို ဆေးပညာ သုတေသီတွေဟာလည်း ထို ဇီကာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ပဲ ဖြစ်ပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသန အရတော့ ဇီကာ ဗိုင်းရပ်စ်ဟာ ဟေတီ နိုင်ငံမှာ စတင် ပေါက်ဖွားလာခဲ့တယ်လို့ သိရပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.