နာရေး ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို မပြောသင့်တဲ့ စကားများ

supporting-a-friend1.jpg
အလုပ်တစ်ခုမှာတော့ လုပ်ဖော်ကိုင်ဖက် တွေရဲ့  သာရေးနာရေး သတင်းတွေဟာ အမြဲကြားနေရစမြဲပါ။ အဲဒီအခါမှာ ကိုယ်က သတင်းမေးချင်တယ်ဆိုရင် သာရေး ကိစ္စတွေအတွက်တော့ ပြဿနာ မရှိပါဘူး။ အလှု လုပ်တာပဲ ဖြစ်ဖြစ် ၊ မင်္ဂလာဆောင် ၊ မွေးနေ့ပွဲ ကျင်းပတာမျိုးပဲ ဖြစ်ဖြစ် အဆင်ပြေသလို မေးမြန်းပြောဆိုရတာ သင့်တော်ပါတယ်။ နာရေး သတင်း တစ်ခု ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလာပ သလာပ ပြောတော့မယ်ဆိုရင်တော့ ရှောင်ရှား သင့်တဲ့ စကားတစ်ချို့ ရှိနေပါတယ်။
 
၁။ “ငါ လုပ်ပေးနိုင်တာ ဘာရှိလဲ”
 
နာရေး သတင်းကြောင့် ဆုံးရှုံးမှုကို ခံစားနေရတဲ့အချိန်မှာ တစ်ခြားတစ်ယောက်က လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ သူ ခံစားနေရတာကို သက်သာ အောင် စကားလမ်းကြောင်းလွှဲပြီးပြောလိုက်တာက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ “လမ်းထွက်လျှောက်ကြမလား” ၊ “တစ်ခုခု စားချင်လား ၊ လိုက်ကျွေးမယ်” စသဖြင့်သာ ပြောဆိုတာ အကောင်းဆုံးပါပဲ။
 
၂။ “သူ ဘယ်လိုဆုံးသွားတာလဲ”
 
ဆုံးရှုံးမှုကြောင့် စိတ်ထိခိုက်နေသူကို ဘယ်လို ဆုံးရှုံးလိုက်ရသလဲ လို့ သွားမေးဖို့တော့ ဘယ်လို မှ မသင့်တော်ပါဘူး။ ဈာပန အခမ်းအနားက ဘယ်လိုလည်း ၊ မင်းခွင့်ယူရတာ အဆင်ပြေလား ၊ စသဖြင့်သာ ဆက်လက်လုပ်ကိုင်စရာ ရှိတာတွေကို မေးမြန်း ပြောဆိုသင့်ပါတယ်။
 
၃။ “ သူတို့ အခု ပိုကောင်းတဲ့နေရာ တစ်ခုကို ရောက်နေမှာပါ”
 
ဒီ စကားဟာလည်း မပြောသင့်တဲ့စကားပါ။ အချို့  ဘာသာဝင်တွေအတွက်တော့ ဒီစကားက နှစ်သိမ့်မှု ပေးနိုင်တာလည်းမှန်သလို ခံစားရတာလည်း ပိုဆိုးလာစေပါတယ်။ အကောင်းဆုံးကတော့ ထို နာရေး နဲ့ ပတ်သက်ပြီး လွှဲပြောပါ။ လုပ်ဖော် ကိုင်ဖက် အတွက် သက်သာရာ သက်သာ ကြောင်း ဖြစ်စေမယ့် စကားမျိုး တွေကို ပြောတာသာ ပိုမို သင့်တော်ပါတယ်။ “လိုအပ်တဲ့ အချိန်သာ ယူပါ” ၊ “ခက်ခဲမယ့်အချိန်တွေ ဖြစ်မယ်ဆိုတာသိပါတယ်” စသဖြင့် နှစ်သိမ့်ပေးတာက ပိုမိုသင့်တော်မှာပါ။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.