Dreadlocks ဆံပင်စတိုင်လ်ကို ညှပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

justinbieber.jpg
ဆယ်ကျော်သက် ကောင်မလေးတို့ရဲ့  အသည်းစွဲ ပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာ ဟာ သူ့ရဲ့  Dreadlocks စတိုင်လ် ဆံပင်တွေကို ညှပ်လိုက်ပြီး အရင်လို သာမန် ဆံပင် ပုံစံ အဖြစ် ပြောင်းလဲလိုက်ပြီ လို့ သိရပါတယ်။
ဧပြီလ အစတုန်းပဲ ဂျက်စတင်ဘီဘာ ရဲ့  Dreadlocks စတိုင်လ် ဆံပင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေက အပြင်းအထန် ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။
 
အချို့  ပရိသတ်တွေကတော့ ဂျက်စတင်ဘီဘာ ရဲ့  Dreadlocks စတိုင်လ် ဆံပင်ဟာ ဂျင်ဆင်း ဆေးမြစ်တွေနဲ့ တူတယ်လို့ ပြောကြသလို ၊ အချို့ ကတော့ စပါးနှံတွေနဲ့ တူတယ်လို့ စနောက်ကြပါတယ်။ အခု ပြောင်းလဲလိုက်တဲ့ ဘီဘာ ရဲ့  ဆံပင်စတိုင်လ် အသစ်ကိုတော့ ပရိသတ်တွေက အရမ်း သဘောကျနေကြပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.