ယောက်ျားတွေရဲ့ ကလေးနဲ့တူတဲ့ အပြုအမူများ

dating_forever.jpg
ချစ်ဇနီးတွေရဲ့ ခင်ပွန်းအများစုက အပြင်ပန်း လူပုံအလယ်မှာ အားကိုးရတဲ့ ခန့်ညားပြည့်စုံတဲ့ ယောက်ျားတွေ ဖြစ်နေပေမဲ့ အိမ်ပြန်ရောက်လာပြီဆိုတာနဲ့ ကလေး ၃ ယောက်လောက်ပေါင်းထားတဲ့ ကလေးဆိုးကြီးတွေနဲ့ တူနေတယ်ဆိုတာ မိန်းမတွေ အားလုံးလက်ခံကြမယ် ထင်ပါတယ်။ လုပ်ငန်းကြီးတစ်ခုလုံး အိမ်ထောင်တစ်ခုလုံးကို ဦးဆောင်နေသူတစ်ဦးနဲ့ မတူဘဲ ကလေးတွေပုံစံနဲ့ တူသွားတတ်တဲ့ ယောက်ျားတွေရဲ့ အပြုအမူလေးတွေကို ဖော်ပြပေးချင်ပါတယ်။
 
(၁) အစားအသောက် ချေးများတဲ့ ကလေးတစ်ယောက်လို စားစရာ အသစ်အဆန်းတစ်ခုကို မြည်းမကြည့်ရသေးဘဲ မကြိုက်ဘူးလို့ အမြဲ ပြောတတ်လေ့ရှိပါတယ်။ စားကြည့်လို့ ကြိုက်သွားပြီဆိုရင်လည်း အလွန်အကျွံစားတတ်တာ သူတို့ အကျင့်ပဲဖြစ်ပါတယ်။
 
(၂)သူတို့ခေါ်တဲ့ဖုန်းကို မကိုင်မိတာမျိုး ၊ ၁၅ မိနစ်လောက်နေမှ သူတို့ပို့ထားတဲ့ စာကိုပြန်ပို့မိတာမျိုးဆိုရင် ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေဖြစ်နေတတ်တာတွေ။
 
(၃)အရေးကြီးတဲ့ ပွဲတစ်ခုခုသွားခါနီးပြီဆိုရင် ဘာဝတ်ရမလဲ မရွေးတတ်တာကြောင့် မိန်းမလုပ်သူကပဲ ရွေးချယ်ဆုံးဖြတ်ပေးရတတ်တာ။
 
(၄)မနက်အိပ်ယာထတဲ့အချိန်မှာ လည်ချောင်းနာတာ နှာစေးတာလောက်ဖြစ်ရင် သူတို့ကိုသူတို့ ဖျားပြီလို့ ထင်တတ်ပြီး တကယ်ဖျားပြီဆိုရင်တော့ အချိန်မရွေး သေသွားနိုင်တဲ့သူတစ်ယောက်လို ဖြစ်နေတတ်တာ။ ဒါပေမဲ့ ဆေးခန်းသွားဖို့ကိုတော့ အကြိမ်ကြိမ်ငြင်းဆန်ပြီးမှ သွားတတ်တဲ့ ကလေးဆိုးကြီးတွေ ဖြစ်ပါတယ်။
 
(၅)တစ်ခုခုလိုအပ်လို့ ဈေးအတူသွားဝယ်ကြတဲ့အခါ အချိန်ကြာလာရင် စိတ်ကောက်သလို မျက်နှာကြီး ရှုံမဲ့လာတတ်တာ။
 
(၆)သူတို့လုပ်ထားတဲ့ အလုပ်တစ်ခုအောင်မြင်သွားတဲ့အချိန်မှာ မူလတန်းကလေးငယ် တစ်ယောက်လို မိန်းမဆီကနေ ချီးကျူးစကားကို ကြားချင်တတ်ကြတဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်။
 
(၇)ကစားစရာ အသစ်လိုမျိုး ဖုန်းအသစ် ဂိမ်းအသစ်တစ်ခုခု ရသွားတဲ့အခါမှာ ကျန်တဲ့အရာအားလုံးကို မေ့ပြီး သတိပေးမှ ရပ်တတ်တာ။
 
(၈)ဗိုက်ဆာပြီဆိုရင် ချက်ချင်းဆာတတ်ပြီး မစားရရင် အလိုလို ဒေါသကြီးလာတတ်တာ။
 
(၉)ပစ္စည်းတွေကို စနစ်တကျမသိမ်းတတ်သလို ဘယ်နေရာမှာ ဘာပစ္စည်းထားသလဲဆိုတာကို မိန်းမကို မေးပြီးမှ ရှာတတ်တာ။
 
(၁၀)သူတို့ အမေချက်ကျွေးတဲ့ ဟင်းမျိုးကို ချက်နည်းမသိပေမဲ့ ကိုယ်ချက်တာနဲ့ မတူဘူးလို့ ချေးများတတ်တာ။
 
(၁၁)ကလေးတစ်ယောက် ကစားစရာတွေ ရှုပ်ပွထားသလိုမျိုး သူတို့ရဲ့ အဝတ်တွေ ၊စာရွက်စာတမ်းတွေ၊ အသုံးအဆောင်တွေကို အမြဲနောက်က လိုက်ပြီး သိမ်းဆည်းပေးနေရတာတွေ။
 
 
116 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.