မိုင်ပေါင်း ၂၄၀ ကွာဝေးတဲ့ မူလနေအိမ်ကို ရောက်အောင်ပြန်လာခဲ့တဲ့ သိုးထိန်းခွေးလေး

ad_204098370.jpg
Pero လို့ခေါ်တဲ့ သိုးထိန်း ခွေးလေးဟာ ပိုင်ရှင် ပြောင်း ရောင်းချခံခဲ့ရပေမယ့် သူ့ရဲ့  မူလ ပိုင်ရှင်ရှိရာ မိုင်ပေါင်း ၂၄၀ အကွာ ကို ပြန်ရောက်အောင်လာခဲ့ရှာပါတယ်။ ဝေးလ်နိုင်ငံ မြောက်ပိုင်း ၊ Penrhyncoch မြို့က လယ်သမား Alan James ဟာ သူ့ရဲ့ ခွေးလေး Pero ကို ဗြိတိန်နိုင်ငံက Cockermouth မြို့မှာ ပိုင်ရှင် အသစ်ထံ လွှဲပြောင်းထားရှိခဲ့ပေမယ့်လည်း ၁၂ ရက်အကြာမှာတော့ ခွေးလေး Pero ဟာ Alan James ရှိရာ နေအိမ်ထံ ပြန်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။
 
“ဒါဟာ အရမ်းထူးဆန်းပါတယ်။ ဒါပေမယ့် သူ ဘယ်လို လုပ်ခဲ့လည်းဆိုတာတော့ မသိနိုင်ပါဘူး။ သူ့ဦးနှောက်ထဲမှာ လမ်းညွှန်မြေပုံ ရှိနေသလားတောင် ထင်ရပါတယ်” လို့ အသက် ၅၄ နှစ်အရွယ် ကလေး ၅ ယောက်ရဲ့ ဖခင် Alan က ဆိုပါတယ်။
 
Pero ဟာ Alan ရဲ့  မိသားစု လယ်ကွင်း မှာရှိတဲ့ သိုးထိန်း ခွေး ၁၅ ကောင်ထဲက တစ်ကောင်ပဲ ဖြစ်ပါတယ်။ Pero ကို Alan က သူနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အခြားလယ်ယာ တစ်ခုကို အစမ်းသဘောအနေနဲ့ ပြောင်းရွှေ့ ထားရှိခဲ့တာပါ။ ဒါပေမယ့်လည်း အိမ်ကိုလွမ်းနေတဲ့ ခွေးလေး Pero ကတော့ နေရာသစ်မှာ သိုးထိန်းနေရင်းနဲ့ မိုင်ပေါင်း ၂၄၀ ကွာဝေးတဲ့ မူလ နေအိမ်ကို ရောက်အောင် ပြန်လာခဲ့ပါတယ်။
 
“သိုးထိန်း ခွေး တစ်ကောင်ဟာ နေ့တိုင်း ဆက်တိုက်ဆိုသလို မြေပြင်ပေါ်မှာ သွားလာနေနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ ဒီအထိ ရောက်အောင် ပြန်လာဖို့ လမ်းတွေ ဘယ်လို မှတ်မိလည်းဆိုတာကတော့ အံ့အားသင့် စရာပါပဲ။ လမ်းတစ်လျှောက်လုံး သူဘယ်လို အစာစားခဲ့သလဲ ဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့ကတော့ သူ့ရဲ့ လုပ်ရပ်ကို အရမ်းပဲ သဘောကျမိပါတယ်” လို့ Alan က ဆိုပါတယ်။
 
Ref:metro.co.uk
563 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.