Magaluf ကမ်းခြေ ကို လာရောက်သူတွေ စတာလင်ပေါင် ၅၀၀ နဲ့ အပြာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံနေရ

ad_204274173.jpg
စပိန်နိုင်ငံက လူသိများတဲ့ အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ Magaluf ကို အားလပ်ရက်မှာ သွားရောက်ခဲ့တဲ့ ခရီးသွားတွေဟာ အပြာရုပ်ရှင် ထုတ်လုပ်သူတွေရဲ့  ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။  Mirror သတင်းဌာန ရဲ့  ဖော်ပြချက်အရတော့ ဟော်လန် ၊ ဂျာမန် နဲ့ ဥရောပ အရှေ့ပိုင်းက အပြာရုပ်ရှင် ထုတ်လုပ်သူတွေဟာ ထို ခရီးသွား အပန်းဖြေသူတွေကို အပြာရုပ်ရှင် ထဲမှာ ပါဝင် သရုပ်ဆောင်ပေးရင် စတာလင်ပေါင် ၅၀၀ ပေးမယ်ဆိုပြီး လိုက်လံ ကမ်းလှမ်းနေတာပဲ ဖြစ်ပါတယ်။
 
ထို ကမ်းလှမ်းလာတဲ့ အပြာရုပ်ရှင်တွေကတော့ လစဉ်ကြေးပေးပြီး ကြည့်ရှုရတဲ့ နိုင်ငံခြား ၀က်ဘ်ဆိုက်တွေမှာ သာ ဖော်ပြပေးမှာ ဖြစ်တယ်လို့လည်း ထုတ်လုပ်သူတွေက ဆိုခဲ့ကြပါတယ်။၂၀၁၄ ခုနှစ်တုန်းကတော့ ထို Magaluf အပန်းဖြေစခန်းမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အမျိုးသား ၂၄ ယောက်နဲ့ အတူ ညစ်ညမ်းရုပ်ရှင် ရိုက်ခဲ့ရာကနေ အောင်မြင် ကျော်ကြားသွားခဲ့ဖူးပါတယ်။
 
Magaluf အပန်းဖြေစခန်းတည်ရှိရာ Majorca ကျွန်းစွယ်မြို့ ရဲ့  မြို့တော်ဝန် အသစ်ဖြစ်လာသူ Alfonso Rodriguez က Telegraph သတင်းဌာနကို မနှစ်က ပြောပြခဲ့တာကတော့ အဲဒီလို မကောင်းတဲ့ အမူအကျင့်တွေကို ထိန်းသိမ်းဖို့အတွက် သတ်မှတ်ချက်အသစ်တွေကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထို သတ်မှတ်ချက်တွေထဲမှာ ပါဝင်တာတွေက လမ်းပေါ်မှာ အရက်သောက်ခြင်း ၊ အပေါ့သွားခြင်း ၊ အ၀တ်ဗလာနဲ့ သွားလာခြင်း တို့ကို တားမြစ်တာဖြစ်ပြီး ထိုတားမြစ်ချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ စတာလင်ပေါင် ၂၀၀၀ ခန့်အထိ ပေးဆောင်ရတယ်လို့လည်း သိရပါတယ်။
 
Ref:metro.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.