Hillsborough ဖြစ်စဉ် အောက်မေ့တမ်းတမှု အဖြစ် လူထောင်ပေါင်းများစွာက “You’ll Never Walk Alone” ဆိုတဲ့ သီချင်းကို သီဆို

ip_948054.jpg
၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Hillsborough ဘေးအန္တရာယ်ဖြစ်စဉ် မှာ သေဆုံးခဲ့သူ ၉၆ ဦးကို အောက်မေ့တမ်းတမှု အထိမ်းအမှတ် ပွဲတော်အဖြစ် လီဗာပူးလ် မြို့မှာ လူထောင်ပေါင်းများစွာက “You’ll Never Walk Alone” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြပါတယ်။ Hillsborough ဘေးအန္တရာယ်ဖြစ်စဉ်ဆိုတာကတော့ ၁၉၈၉ ခုနှစ် ဧပြီလ ၁၅ ရက် တုန်းက ရှက်ဖီးမြို့ ၊ Hillsborough ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ လီဗာပူးလ် ဘောလုံးအသင်းနဲ့ နော့တင်ဟမ် ဖောရက်စ် အသ်ငးတို့ရဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပရိသတ် ဦးရေ လွန်ကဲစွာ ၀င်ရောက်လာမှုက တဆင့် လူလူချင်း တိုးကြိတ်မှု အကြီးစားတွေ ဖြစ်ခဲ့ရာကနေ ၉၆ ယောက်သေဆုံးခဲ့ရပြီး ၇၆၆ ယောက် ဒဏ်ရာရခဲ့ရတဲ့ ၀မ်းနည်းဖွယ်ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
 
ထို ဖြစ်စဉ်တုန်းက ပါဝင်ခဲ့သူတွေတို့ရဲ့  ဆွေမျိုးသားချင်း များ ၊ တက်ကြွလှုပ်ရှားသူများနဲ့ ပြည်သူလူထု ထောင်ပေါင်းများစွာက လီဗာပူးလ် မြို့က စိန့်ဂျော့ဂ်ျ ခန်းမရှေ့ မှာ You’ll Never Walk Alone ဆိုတဲ့ လီဗာပူးလ် ဘောလုံးအသင်း ရဲ့  အထိမ်းအမှတ် သီချင်းကို သီဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
 
Ref:metro.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.