ကောလာဟလ ၄ ခုကို တစ်ပြိုက်နက် ဖြေရှင်းပြောပြခဲ့တဲ့ Kim Kardashian

kim-kardashian-main.jpg
ဖြစ်ရပ်မှန် ရှိုးတွေရဲ့  ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာ လတ်တလော ထွက်ပေါ်နေတဲ့ ကောလာဟလ တွေနဲ့ ပတ်သက်ပြီး သူမရဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ဖြေရှင်းမှု ပြုလုပ်ခဲ့ပါတယ်။
 
ပထမဆုံး Kim K ဖြေရှင်းပေးခဲ့တဲ့ ကောလာဟလ တစ်ခုက သူမနဲ့ ခင်ပွန်းဖြစ်သူ Kanye West တို့ ၂ ယောက် အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းဖြစ်ပြီး ထိုကိစ္စနဲ့ ပတ်သက်ပြီး Kim K က ငြင်းဆိုခဲ့ပါတယ်။ သူမတို့ လင်မယား ဟာ သီးခြား နေထိုင်နေခြင်းလည်း မရှိသလို ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ရှိနေတယ်လို့ Kim K က ဆိုထားပါတယ်။
 
နောက်ထပ် ကောလာဟလ တစ်ခုကတော့ Kim K နဲ့ Kanye တို့ဟာ တတိယ မြောက် ရင်သွေးကို ရယူဖို့အတွက် ကြိုးစားနေတယ်ဆိုတာပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း Kim K က "ကျွန်မရဲ့ ခင်ပွန်းဟာ တတိယမြောက် ရင်သွေးလေးကို ရယူဖို့ ကြိုးစားနေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ မကြိုးစားပါဘူး။ ဒါကြောင့် ဒီသတင်းဟာ မှန်တယ်လို့လည်း ဆိုနိုင်သလို မမှန်ဘူးလို့လည်း ဆိုနိုင်ပါတယ်" လို့ ပြောပြခဲ့ပြန်ပါတယ်။
 
နောက်ထပ်ကောလာဟလတွေကတော့ သူမရဲ့  သမီးလေး North West တစ်ယောက် ကြမ်းပြင်ပေါ် ချော်လဲနေတာကို သူမက ဂရုမစိုက်ပဲ နေနေတဲ့ ဓါတ်ပုံကိစ္စပါ။ ထို ဓါတ်ပုံ ထွက်ပေါ်လာမှုကြောင့် Kim K ရဲ့ မိခင် ဘ၀ အပေါ် ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ Kim K ကတော့ သူမရဲ့  သမီးငယ်ဟာ ချော်လဲခဲ့ခြင်းမဟုတ်ပဲ ကြမ်းပြင်မှာ လှဲအိပ်ပြီး ဆော့ကစားနေခြင်းသာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
 
သူမနောက်ဆုံး ဖြေရှင်းခဲ့တဲ့ ကောလာဟလ ကတော့ သူမ နဲ့ သူမရဲ့ ညီမဖြစ်သူ Kylie Jenner နဲ့ ရန်ဖြစ်ကြတယ်ဆိုတဲ့ ကိစ္စပါပဲ။ 
 
"တစ်ကယ့်ဘ၀မှာတော့ Kylie ဟာ ကျွန်မ ညီမပါ။ ကျွန်မတို့ တစ်ယောက် အ၀တ်အစား တစ်ယောက် ငှားဝတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် စတိုင်လ်တွေ မတူကြဘူး။ အဲဒါဟာလည်း အရေးမကြီးပါဘူး။ အဲဒီအတွက်လည်း ကျွန်မတို့ စကားများခဲ့ခြင်း မရှိပါဘူး။ ကိုယ့်မိသားစု ၀င်တစ်ယောက်ကို စတိုင်လ်ခိုးလို့ တရားစွဲစရာ အကြောင်းတော့မရှိပါဘူး" လို့ Kim K က ဆိုပါတယ်။
 
အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ကလေး ၂ ယောက်ရဲ့ မိခင် Kim K ဟာ သူမရဲ့ တင်ပါးနဲ့ ပတ်သက်ပြီး အရွယ်အစား ၅၅ လက်မ ရှိတယ်လို့ သတ်မှတ်နေကြမှုအပေါ်မှာလည်း "ကျွန်မတင်ပါး အဲဒီလောက်ထိမကြီးပါဘူး။ ၅၅ လက်မတော့ မဟုတ်ပါဘူး။ ၁၂ လက်မပဲ ရှိပါတယ်" လို့ အပြီးသတ်ဖြေရှင်းပြောပြခဲ့ပါတယ်။
 
Ref:mirror.co.uk
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.