အဆိုတော် Prince အတွက်အမှတ်တရ အဖြစ် ပရိသတ်တစ်ချို့ ရေးထိုးခဲ့တဲ့ တက်တူးများ

capture_1.png
ဂန္တ၀င် အဆိုတော် တစ်ယောက်ဖြစ်တဲ့ Prince ရဲ့ သေဆုံးမှုဟာ သူ့ရဲ့ ပရိသတ် တွေအတွက် ခံပြင်းစရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပရိသတ်တွေဟာ Prince ကို ဆုံးရှုံးခဲ့ရတဲ့အတွက် အော်ဟစ် ငိုကြွေးနေခဲ့တာတော့ မဟုတ်ပါဘူး။ 
 
Prince ရဲ့  အမာခံ ပရိသတ်တွေဟာ Prince ကို အမှတ်တရ ရှိနေစေဖို့အတွက် Prince ကို ကိုယ်စားပြုတဲ့ အမှတ်အသားငယ်လေးများကို သေးငယ်တဲ့ တက်တူး ပုံလေးတွေအဖြစ် ခန္ဒာကိုယ်ပေါ်မှာ သေရာပါအောင် ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ Prince ရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်း နာမည်တွေကို ရေးထိုးကြပြီး တစ်ချို့ကတော့ Prince ရဲ့  အောင်မြင်ခဲ့သော ရွှေခေတ် အချိန်ကာလ မှာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားအဖြစ် အသုံးပြုခဲ့တဲ့ အမှတ်တံဆိပ်လေးတွေကိုရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့ကတော့ Prince ကို ကိုယ်စားပြုတဲ့ မိုးရေစက်တွေကို တက်တူးအဖြစ်ရေးထိုးခဲ့ကြပါတယ်။
 
ကမ္ဘာကျော် အဆိုတော် Prince ဟာ ဧပြီလ ၂၁ ရက်နေ့မှာ လောကကြီးထဲက ထွက်ခွာသွားခဲ့ပေမယ့် သူ့ပရိသတ်တွေအတွက် Prince ဟာ သေရာပါ ကျန်ရှိနေဦးမှာပဲဖြစ်ပါတယ်။
 
Ref:metro.co.uk
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.