ဆီးချိုရောဂါက အကြားအာရုံကို ထိခိုက်စေနိုင်

hearaing-759.jpg

ဆီးချိုရောဂါဟာ အကြားအာရုံ ဖွဲ့စည်းမှုစနစ် ပျက်စီးစေကြောင်း လေ့လာမှုအသစ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယင်းလေ့လာတွေ့ရှိချက်မှာ ဆီးချိုရောဂါနဲ့ အကြားအာရုံ ချို့ယွင်းမှုနှစ်ခုကြား ဖြစ်နိုင်ခြေရှိတဲ့ ကွင်းဆက်တွေ လေ့လာသုံးသပ်ချက် တစ်ရပ်ပေါ် အခြေခံထားတာပါ။

လူတွေမှာ ဆီးချိုရောဂါနဲ့ အကြားအာရုံချို့ယွင်းမှုကြား ဆက်စပ်မှု အများဆုံးလေ့လာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အကြားအာရုံချို့ယွင်းခြင်းနဲ့ တခြားကိစ္စတွေကြား သတ်မှတ်ချက်ပေးရာမှာ ရှေ့နောက်ညီညွတ်မှု မရှိခြင်းကြောင့် ဒီလေ့လာချက်တွေ တိုက်ရိုက် နှိုင်းယှဉ်ပြရတာ ခက်ခဲရှုပ်ထွေးကြောင်း နယူးယော့ခ်ရှိ SUNY Downstate Medical Centre က လက်ထောက်ပါမောက္ခ သုတေသီ Elizabeth Helzner က ဆိုပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်တွေ အကြားအာရုံ ချို့ယွင်းမှုအန္တရာယ် စောပြီး အဖြစ်ပိုများလား၊ အကြားအာရုံပျက်စီးမှု ဖြစ်စဉ်ဟာ ဆီးချိုရောဂါလက္ခဏာအပြင် တခြားရောဂါများ ကိုယ်တွယ်ဖြေရှင်းမှုများပေါ် မူတည်ပြီး ကွာပြားသွားလားဆိုတာ လေ့လာဖော်ထုတ်ဖို့အတွက် သေချာစီမံဆောင်ရွက်ထားတဲ့ လေ့လာမှုတွေ လိုအပ်နေသေးကြောင်း သုတေသီတွေက ထပ်မံပြောဆိုခဲ့ပါတယ်။

အကြားအာရုံချို့ယွင်းခြင်းဟာ လူမှုဘဝနဲ့ ကင်းကွာခြင်းနဲ့ စိတ်ကျရောဂါနဲ့လည်း ဆက်စပ်နေကြောင်း သိရပါတယ်။ 

Ref: IE 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.