သင့်ကလေး ပျက်စီးနေပြီဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်

signs-spoiled-child.jpg

ကိုယ့်ကလေးကို ချစ်လို့အလိုလိုက်တာ၊ မပြောရက် မဆိုရက် ထားရင်းက ကလေးက လုပ်ချင်တာတွေလုပ်၊ တစ်ခုခု အလိုမကျရင် သောင်းကျန်းတာမျိုးတွေ ကြုံလာရပြီဆိုရင် သင့်အနေနဲ့ ကလေးကို စည်းကမ်းလေးတွေနဲ့ ပြန်ထိန်းဖို့ အချိန်ရောက်ပါပြီ။ ဒီတော့ သင့်ကလေး ပျက်စီးဖို့ လမ်းစရောက်နေပြီလား၊ ကိုယ့်လုပ်ဆောင်မှုတွေက ကလေးကို ဖျက်စီးသလိုဖြစ်နေသလားဆိုတာ ကလေးရဲ့ဒီအပြုအမူတွေက တစ်ဆင့်သိနိုင်ပါတယ်။

၁။ကလေးဟာ အလိုမကျတာနဲ့ ဒေါသအကြီးအကျယ်ထွက်ပြတာမျိုး မကြာခဏလုပ်တယ်။

သင့်ကလေးဟာ အိမ်မှာရော၊ အိမ်ပြင်ပ သူစိမ်းတွေကြားထဲရောက်တဲ့အချိန်မှာတောင် သူစိတ်အလိုမကျဘူးဆိုတာနဲ့ ဒေါသကြီးပြီး ငိုယိုသောင်းကျန်းတာမျိုးတွေ လုပ်လေ့ရှိတယ်။ အဲ့ဒီလို လုပ်တာကလည်း မကြာခဏဆိုသလိုပါပဲ။ 

၂။ဘယ်တော့မှ စိတ်အလိုကျတယ်ဆိုတာ မရှိဘူး။

ဒီလို ကလေးမျိုးဟာ သူ့ဆီမှာရှိပြီးသား ပစ္စည်းတွေနဲ့ စိတ်အလိုကျတယ်ဆိုတာ မရှိပဲ အခြားတစ်ယောက်ပစ္စည်းကိုမှ အကောင်းထင်၊ လိုချင်တတ်ကြပါတယ်။ 

၃။မိဘကို နည်းနည်းလေးမှ မကူညီချင်ဘူး။ မသိတတ်ဘူး။

သိတတ်စပြုတဲ့ အရွယ်ရောက်လာချိန်မှာတောင် မိဘကပြောလည်း မသိချင်ယောင်ဆောင်နေတတ်သလို အလိုက်သိ ကိုယ့်အရုပ်လေးတွေ သိမ်းတာမျိုး၊ မိဘပြောစကားအတိုင်း ကိုယ့်ဖိနပ်လေးတွေ သိမ်းတာမျိုးတွေကို ဘယ်တော့မှ လုပ်ဆောင်လေ့မရှိပါဘူး။

၎။လူကြားထဲ သင့်ကိုအမြဲ အရှက်ရစေလိမ့်မယ်။

သူဟာ လူကြားထဲမှာ သင်မကြိုက်တဲ့အရာတွေကို ထပ်တလဲလဲလုပ်ဆောင်နေတတ်သလို အော်ငိုတာ၊ လူကြားထဲ ရူးပေါက်ချတာ၊ သင်မှားထားတဲ့အရာတွေကို အမြဲချိုးဖောက်လုပ်ဆောင်လေ့ရှိမယ်။

၅။အခြားသူတွေကို သူ့ပစ္စည်းတွေ ပေးတာမျိုး၊ သူတို့နဲ့အတူဆော့တာမျိုးမလုပ်ဘူး။

အသက် ၄နှစ်အရွယ်လောက်ရောက်ပြီဖြစ်တဲ့ ကလေးဟာ သူ့ကစားစရာပစ္စည်းတွေကို တခြားကလေးတွေနဲ့အတူဆော့တဲ့အခါ ပေးဆော့လေ့ရှိပါတယ်။ သင့်ကလေးက အဲ့ဒီလို မဟုတ်ဘူး၊ သူ့ကစားစရာတွေကို သူများတွေ နည်းနည်းမှ ပေးမဆော့ချင်ဘူး။

၆။သင်က ပြန်ပြီး သူ့ကို တောင်းတောင်းပန်ပန် ပြောဆိုနေရတယ်။

မိဘအနေနဲ့ သားသမီးတွေကို ပြန်ပြီးတောင်းတောင်းပန်ပန် ပြောဆိုနေရတာမျိုးဟာ တကယ်တော့ မဖြစ်သင့်ပါဘူး။ သင့်အနေနဲ့ ကလေးကို ပြောမရတဲ့အဆုံး တောင်းပန်နေရတဲ့အဖြစ်ဆိုရင် ဒီအချက်ကို သတိထားဖို့လိုပါပြီ။

၇။သင်ပြောတာကို အမြဲလျစ်လျူရှုနေတတ်တယ်။

သင့်ကလေးကို တစ်ခုခုပြောဆိုလိုက်တိုင်း နားပိတ်ထားတာမျိုး၊ မလုပ်ဘူးဆိုပြီး အတင်းငြင်းဆန်တာမျိုးတွေ သူက အမြဲလုပ်နေပြီဆိုရင် သင့်ကလေးဟာပျက်စီးခြင်း လမ်းစရောက်နေတာပါပဲ။

၈။တစ်ခုကို တောင်းဆိုတဲ့အခါ တစ်ခုပေးမှလုပ်မယ်ဆိုတဲ့အချိုးမျိုး လုပ်တတ်တယ်။

သင့်ကလေးဟာ သူ့ကို စာပြီးအောင်လုပ်ရင် မုန့်ကျွေးမယ်၊ အိမ်အလုပ်တစ်ခုလုပ်ပြီးရင် မုန့်ဖိုးပေးမယ်ဆိုတာမျိုးကိုသာ စိတ်ဝင်စားတတ်ပြီး အဲ့ဒီလို မဟုတ်ရင် ဘာတစ်ခုမှ မလုပ်ဆောင်ချင်ဘူးဆိုရင် ဒါပြသနာရှိနေပါပြီ။

Ref:popsugar

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.