ဒေါက်မြင့်ဖိနပ်စီးခြင်းက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေ

woman-putting-on-red-high-heels.jpg
အင်္ဂလန်နိုင်ငံ ပို့စ်မောက် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှု အသစ်အရ ဒေါက်မြင့်ဖိနပ်စီးတဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့ အမြင်မှာ ပိုပြီးဆွဲဆောင်မှု ရှိစေတယ်လို့ ဆိုပါတယ်။မိန်းကလေး အချင်းချင်းရဲ့ အမြင်မှာလည်း ဒေါက်ဖိနပ်စီးတဲ့ မိန်းကလေးကို ပိုပြီးလှတယ်လို့ ထင်ကြတာကို တွေ့ရှိခဲ့ပါတယ်။
 
သုတေသနပညာရှင်တွေက အမျိုးသမီးတွေကို ဒေါက်မြင့်ဖိနပ်နဲ့ ဖိနပ်အပါးတစ်လှည့်စီစီးပြီး ၄ မိနစ်စီ လမ်းလျှောက်တာကို  ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။ ဗီဒီယို ရိုက်တဲ့ အချိန်မှာတော့ မျက်နှာတွေ၊ ကိုယ်လုံးတွေ မပါစေဘဲ ခြေထောက်တွေကိုပဲ ရိုက်ထားတာ ဖြစ်ပါတယ်။
 
ပြီးတော့ အဲ့ဒီ ဗီဒီယိုဖိုင်ကို အမျိုးသား၊အမျိုးသမီးတွေကို ပြသပြီး မိန်းမဆန်မှုနဲ့ ဆွဲဆောင်မှု ရှိတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အမျိုးသား ၊အမျိုးသမီး ဖြေဆိုသူအတော်များများက ဒေါက်မြင့်ဖိနပ်စီးတဲ့ မိန်းကလေးတွေက ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။
 
ဒေါက်မြင့်ဖိနပ်စီးခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ တင်ပဆုံ၊ တင်ပါး၊ ခြေသလုံး၊ ဒူး၊ ဖဝါးနဲ့ ပခုံးရဲ့ လှုပ်ရှားမှု ဟန်ချက်တွေကို ပိုပြီး ညီစေတာကြောင့် ပိုပြီးကျော့ရှင်းတဲ့ အသွင်ဖြစ်စေတာလို့ သုတေသီတွေက ထောက်ပြပါတယ်။ နောက်တစ်ချက်ကတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းက လိင်ပိုင်းဆိုင်ရာ ညှို့အားနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။
 
ဘယ်လိုပဲဆိုပါစေ ဒေါက်မြင့်ဖိနပ်စီးတဲ့ အတွက် နာကျင်မှုတွေ ဘယ်လောက်ပဲ ခံစားရခံစားရ ။မိန်းကလေးတွေကတော့ မိန်းမဆန်ပြီး လှပကျော့ရှင်းမှု အတွက် ဒေါက်မြင့်ဖိနပ်ကို အနာခံပြီး စီးနေကြဦးမှာပဲ ဖြစ်ပါတယ်။
 
Ref:wallstreetinsanity
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.