မိန်းမတွေရဲ့ ဦးနှောက် အရွယ်အစားက ယောက်ျားတွေရဲ့ ဦးနှောက်ထက် ပိုသေးငယ်

bestfriends_0.jpg
ပုံမှန် မိန်းမတစ်ယောက်ရဲ့ ဦးနှောက်က ယောက်ျားတစ်ယောက်ရဲ့ ဦးနှောက်ထက် ၈ ရာခိုင်နှုန်း ပိုသေးငယ်သည်ဟု သုတေသီများက ဆိုပါတယ်။ ဒါပေမဲ့ ဦးနှောက်အရွယ်အစား ပိုကြီးတာကြောင့် ဦးနှောက်ကို ပိုပြီး အသုံးချနိုင်တယ်လို့တော့ မဆိုလိုပါဘူး။
 
သုတေသနပညာရှင်များက မိန်းမတွေရဲ့ ဦးနှောက်နဲ့ ယောက်ျားတွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံခြင်း ဘယ်လိုကွာခြားသလဲဆိုတာ လေ့လာခဲ့ကြပါတယ်။ ဒီလို လေ့လာတဲ့ နေရာမှာ ဦးနှောက်အတွင်းပိုင်းက ကြောင်းကျိုးဆင်ခြင်နိုင်ခြင်းနဲ့ဆိုင်တဲ့ ရေနဂါးနဲ့တူတဲ့အပိုင်း (hippocampus)ကို အထူးပြုပြီးလေ့လာခဲ့ကြပါတယ်။
 
ယောက်ျားတွေရဲ့အဆိုပါ ဦးနှောက်အပိုင်းထဲမှာ နူထရွန်အရေအတွက်ပိုများတာ တွေ့ရပေမဲ့လည်း မိန်းမတွေရဲ့ဦးနှောက် အပိုင်းထဲမှာတော့ ဆက်သွယ်နေတဲ့ လမ်းကြောင်းပိုများတာ တွေ့ရှိရပါတယ်။ယောက်ျားတွေရဲ့ ဦးနှောက်မှာ hippocampus ပိုကြီးတဲ့အတွက် ဥာဏ်ပိုကောင်းတယ်လို့ ဆိုနိုင်သလို  မိန်းမတွေရဲ့ ဦးနှောက်က ကျစ်လျစ်သေးငယ်ပေမဲ့ စွမ်းဆောင်နိုင်ရည် ပိုကောင်းတာကို တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။
 
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဦးနှောက်ကို အသုံးချပုံတွေ မတူညီသလို ထူးချွန်တဲ့ နေရာတွေမတူညီတာ ၄င်းကြောင့်ဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်က ခိုင်မာတဲ့ အချက်အလက်ပေါ်မှာမှ တိကျသေချာတဲ့ ကြောင်းကျိုးဆင်ခြင်ဥာဏ်သုံးပြီး ဆောင်ရွက်တတ်ပေမဲ့ မိန်းမတွေအတွက်ကတော့ ခြုံငုံသုံးသပ်နိုင်စွမ်းပိုကောင်းပါတယ်။
 
ခိုင်မာတဲ့ အထောက်အထား အမှန်မပါဘဲ တွေးတောနိုင်တဲ့ စိတ်ကူးဥာဏ် ပိုလျင်မြန်တာက မိန်းမတွေ ဖြစ်ပါတယ်။ဒါကြောင့် မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက် အပြိုင် ငြင်းခုံရန်ဖြစ်ခြင်း မပြုနိုင်တာ ဖြစ်ပါတယ်။
 
Ref:wallstreetinsanity
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.