ဆယ်ကျော်သက် အရွယ်မှာ ဆေးခြောက်သောက်ခြင်းဟာ စောစီးစွာ သေဆုံးနိုင်ခြေများ

weedpass.png
တရားဝင်ဆေးခြောက် ရောင်းချခွင့်နဲ့ သောက်သုံးခွင့်ကို တောင်းဆိုနေကြချိန်မှာ ဆေးခြောက်သောက်သုံးခြင်းရဲ့  ကောင်းကျိုးတွေကို ဆက်တိုက်တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် လည်း အကောင်းနဲ့ အဆိုးဆိုတာဟာ အမြဲတမ်းဒွန်တွဲနေတာကြောင့် ဆေးခြောက်သောက်ခြင်းရဲ့  ဆိုးကျိုးတွေကိုလည်း ရှာဖွေကြည့်ဖို့လိုပါတယ်။
 
Daily Mail သတင်းဌာန ရဲ့ ဖော်ပြချက်အရ ဆယ်ကျော်သက်အရွယ်မှာ ဆေးခြောက်သောက်သုံးခြင်းဟာ စောစီးစွာ သေဆုံးခြင်းကို ဖြစ်လာစေနိုင်တယ်လို့ အမေရိကန် သုတေသီက တွေ့ရှိခဲ့ကြပါတယ်။ ထို ရှာဖွေတွေ့ရှိမှုတွေဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်က စတော့ဟုန်းမ် မြို့မှာ ရှိတဲ့ Karolinska တက္ကသိုလ်က ဆွီဒင် သုတေသီတွေ ပြုလုပ်ထားတဲ့ လေ့လာမှု က တဆင့် ပြန်လည် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
 
ထို လေ့လာမှုမှာတော့ အမျိုးသား အယောက် ၄၅၀၀၀ ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို အသုံးပြုခဲ့ပါတယ်။ ထို အမျိုးသားတွေထဲကမှ ဆယ်ကျော်သက် အရွယ်မှာ ဆေးခြောက် လုံးဝ မသောက်ခဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အသက် ၁၈ နှစ်မှာ စတင်ပြီး ဆေးခြောက် သောက်သုံးခဲ့သူ တွေဟာ အသက် ၆၀နှစ်ထက် စောစီးစွာ သေဆုံးဖို့ ၄၀ ရာခိုင်နှုန်း အခွင့်အလမ်း များ နေတာကိုတွေ့ခဲ့ရပါတယ်။
 
ထို လေ့လာမှုက ထွက်ပေါ်လာတဲ့ အခြားရှာဖွေတွေ့ရှိချက်တွေကတော့ သက်တမ်းကြာသည်အထိ ရေရှည် ဆေးခြောက်သောက်သုံးခဲ့သူတွေဟာ ဥာဏ်ရည်ဥာဏ်သွေး လျော့နည်းလာခြင်း ၊ လူမှုရေး ပြဿနာများ ဖြစ်လာခြင်းနဲ့ ငွေကြေး ပြဿနာ များကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.