ကြိုးတပ်သမရိုးကျ ဂီတာနေရာမှာ အစားထိုးဝင်လာမယ့် Magic Instrument Guitar

white621.jpg

Magic Instrument လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုမှ ၄င်းတို့ရဲ့ ထုတ်ကုန်သစ် MI Guitar နဲ့ ဆက်စပ်တဲ့ လင့်ခ်တစ်ခုကို ဖေ့စ်ဘွတ်ပေါ် ဖော်ပြခဲ့ပါတယ်။

ယင်းမှာ "A new type of guitar that has guitarists scared" "ဂစ်တာသမားတွေအား ခြောက်လှန့်စေမယ့် ဂီတာအမျိုးအစားသစ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ တွဲဖက်ဖော်ပြထားပါတယ်။ တိတိကျကျ မပြောနိုင်သေးပေမယ့် ယင်း  MI Guitar ကို ကောက်ကိုင်ပြီး ချက်ချင်းတီးခတ်နိုင်တဲ့ ဂစ်တာအမျိုးအစားတစ်ခုအဖြစ် ဖော်ပြထားပါတယ်။ နဂိုရှိမြဲဂီတာရဲ့ လက်ကွပ်နှိပ်ဘားကို ဆန်းသစ်တီထွင်ပြီး MI Guitar ဟာ တီးခတ်မှုကို ရှင်းလင်းလွယ်ကူစေတာကြောင့် ဘယ်သူမဆို တွေ့တွေ့ချင်း ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေ တီးခတ်နိုင်မယ် သို့မဟုတ် ကိုယ်ပိုင်ဂီတကို ဂီတလေ့ကျင့်မှုမရှိဘဲနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယင်းဝက်ဘ်ဆိုဒ်မှာ Muse guitarist/ vocalist Matthew Bellamy ရဲ့ ပြောစကား "ဂီတာသင်ချိန် မရှိသူများအတွက် Magic Instrument ဟာ နောက်ဆုံးဖြတ်လမ်းနည်းပါ။ မိမိကြိုက်နှစ်သက်တဲ့ သီချင်းတွေကို မိနစ်ပိုင်းအတွင်း စည်းချက်ကျကျ တီးခတ်နိုင်ပါမယ်။ အဆိုတော်၊ ဂီတာမတီးတဲ့ အနုပညာရှင်တွေအတွက် သီချင်းရေးဖို့အတွက် အကောင်းဆုံးတူရိယာတစ်ခုပါ" လို့တောင် ဖော်ပြထားပါတယ်။

နဂိုသမရိုးကျ ဂစ်တာကဲ့သို့ MI Guitar မှာ လက်ကွပ်နှိပ်ခြင်းနဲ့ စည်းချက်ကျကျ တီးခတ်ခြင်းအတွက် ကြိုးတွေ ပါဝင်ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့လက်ကွပ်နှိပ်ဘားမှာ ကော့ဒ်တွေကို တစ်ချက်တည်းနဲ့ နှိပ်တီးနိုင်မယ့် ခလုတ်လေးတွေ ပါဝင်ကြောင်း သိရပါတယ်။ 

Ref: Guitarworld

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.