ကမ္ဘာ့အအောင်မြင်ဆုံးသူတွေ နေ့စဉ်နေ့တိုင်း ပြုလုပ်တဲ့အရာ

elite-daily-oprah-winfrey-800x400.jpg
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးသူ တွေကိုကြည့်ပြီး သင့်အနေနဲ့ အတုယူဖို့ ကြိုးစားနေတာလား။ ထို အောင်မြင်သူတွေဟာ သူတို့ရဲ့  ကိုယ်ပိုင်လုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ကြတယ် ၊ သူတို့ ကလေးတွေကို စောင့်ရှောက်ကြတယ် ၊ ပုံမှန် စားသောက်ကြတယ် ၊ လေ့ကျင့်ခန်းလုပ်တယ် ၊ အိပ်ရေး၀၀ အိပ်တယ် ၊ စိတ်တည်ငြိမ်အောင် နေထိုင်ကြတယ်။ ဒီလိုတွေ နေထိုင်နိုင်ဖို့အတွက် သူတို့ရဲ့ လျှို့ဝှက်ချက် က ဘာဖြစ်မယ် ထင်ပါသလဲ။ 
 
တရားထိုင်ခြင်း ပဲ ဖြစ်ပါတယ်။
 
အမေရိကန် ရုပ်သံ အစီအစဉ် တင်ဆက်သူ Oprah Winfrey ဟာ တစ်နေ့ကို မိနစ် ၂၀ တရားထိုင်တယ်လို့ ဆိုပါတယ်။ နာမည်ကျော် ဂျာနယ်လစ် တစ်ယောက် ဖြစ်တဲ့ Barbara Walters လည်း တရားထိုင်ပါတယ်။ စာရေးဆရာမ Arianna Huffington လည်း တရားထိုင်ပါတယ်။ အခြား ရုပ်ရှင် သရုပ်ဆောင်တွေလည်း တရားထိုင်ကြပါတယ်။ ဟောလီးဝုဒ် မင်းသမီး Kate Hudson ကလည်း တရားထိုင်ခြင်းဟာ သူ့ရဲ့  ဆင်ခြင်တုံ တရားကို ကယ်တင်ခဲ့တယ်လို့ ဆိုခဲ့ဖူးပါတယ်။
 
ဒါဆိုရင် တရားထိုင်ခြင်းကနေ ရလာတဲ့ ကောင်းကျိုးတွေထဲမှာမှ ဖြစ်နိုင်ချေ အရှိဆုံး ကောင်းကျိုးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။
 
တရားထိုင်ခြင်းဟာ ဦးနှောက် ကို လေ့ကျင့်ခန်း လုပ်ပေးပါတယ်
 
တစ်နေ့ကို မိနစ် ၂၀ ခန့် အထိ တရားထိုင်ပေးခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ အတွေးတွေ အားလုံးကို ရှင်းထုတ်ပေးလိုက်ပါတယ်။ တရားထိုင်တဲ့အခါမှာ သင်ဟာ သင့်ရဲ့ အသက်ရှုမှုအပေါ် အာရုံစိုက်ဖို့ လေ့ကျင့်ရပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ တာဝန်တစ်ခုနဲ့ ပတ်သက်ပြီး တွေးခေါ်တဲ့အခါမှာလည်း သင့်ရဲ့ ဦးနှောက်ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
 
တရားထိုင်ခြင်းဟာ သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်
 
ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက စလို့ အိပ်ရေးဝအောင် အိပ်သည် အထိ အစရှိတဲ့ နည်းလမ်းတွေဟာလည်း သောကတွေနဲ့ စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ဒါပေမယ့် တရားထိုင်ခြင်းကတော့ စိတ်ကိုတည်ငြိမ်မှု ရရှိစေတဲ့အတွက် သောကတွေနဲ့ စိတ်ဖိစီးမှု တွေကို လျော့ကျစေဖို့ ထိရောက်မှု အရှိဆုံး နည်းလမ်းပါပဲ။ 
 
တရားထိုင်ခြင်း ဟာ သင့်ကို ထူးချွန်လာစေပါတယ်
 
ဦးနှောက် လေ့ကျင့်ခန်း လုပ်နိုင်ခြင်း ၊ သောကတွေ ပြေလျော့စေခြင်း တို့က ရတဲ့ နောက်ဆက်တွဲ ကောင်းကျိုးဟာ သင့်ကို ပိုမို ထူးချွန်လာစေပါတယ်။ သင်ဟာ ဦးနှောက် လုပ်ဆောင်ချက်တွေ ကောင်းမွန်နေတဲ့အတွက် အရာရာကို ကောင်းမွန်စွာ စဉ်းစားတွေးခေါ်နိုင်စေပါတယ်။ အကောင်းဆုံး အဖြေကို ထုတ်နိုင်စေသလို သောကတွေ ပြောလျော့နေသူ ဖြစ်တဲ့အတွက် လူအများနဲ့ ဆက်ဆံတဲ့အခါမှာလည်း အသင့်တော်ဆုံးဖြစ်အောင် တုံ့ပြန်မှု ပြုနိုင်စေပါတယ်။ ဒီအချက်တွေဟာ သင့်ကို အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာစေမယ့် လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.