တရားဝင်မွေးစားခွင့် အတွက် ကုန်ကျငွေကို ကိုယ်တိုင် သံပုရာရည်ရောင်းပြီး ရှာဖွေခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်

ad_204103039.jpg
အသက် ၉ နှစ်အရွယ် Tristan Jacobson ဟာ သံပုရာ ရည် ရောင်းပြီး ဒေါ်လာ ၁၄,၀၀၀ အထိ ၀င်ငွေ ရှာနိုင်ခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ် Tristan Jacobson ဟာ အခုလို သံပုရာရည် ရောင်းချခဲ့တာ သူ့ရဲ့  မုန့်ဖိုး အတွက် မဟုတ်ပါဘူး။သူ့ကို တရားဝင် မွေးစားခွင့်ရမယ့် အဖိုးအခ အတွက်ပဲ ဖြစ်တယ်လို့ Springfield News Leader သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
 
လွန်ခဲ့တဲ့ ၄ နှစ်တုန်းက Missouri မြို့မှာ Donnie Davis လို့ခေါ်တဲ့ အမျိုးသမီး တစ်ဦးဟာ Tristan လေးကို ခေါ်ယူမွေးစားခဲ့ပြီး အဲဒီအချိန်ကတည်းက Tristanဟာ ထိုအမျိုး သမီး နဲ့ အတူနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုတည်းသော ပြဿနာကတော့ Donnie အနေနဲ့ Tristan ကို တရားဝင် စာချုပ်စာတမ်းနဲ့ မွေးစားဖို့အတွက် ကုန်ကျစရိတ်တွေကို မတတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ Tristan ကိုယ်တိုင်ကလည်း Donnie ရဲ့  တရားဝင်မွေးစားမှုကို လိုချင်ခဲ့ပါတယ်။
 
ဒါကြောင့် သူတို့ ၂ ယောက်ဟာ မြက်ခင်းပြင် ဈေးရောင်းချမှုတွေ ပြုလုပ်ပြီး ရန်ပုံငွေရှာခဲ့တာ ဖြစ်ပါတယ်။ အသက် ၉ နှစ်အရွယ် ကလေးငယ် Tristan ကတော့ သံပုရာရည် ရောင်းချပြီး ဒေါ်လာ ၅၀၀၀ ကို စတင်ရှာဖွေနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်း နဲ့ သူတို့ ၂ ယောက်ရဲ့  အကြောင်းတွေဟာ သတင်းပျံ့နှံ့သွားပြီး "Tritan's Adoption Fund" လို့ခေါ်တဲ့ ရန်ပုံငွေ ရှာဖွေရေး လှုပ်ရှားမှု တစ်ခု ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ သူတို့ ၂ ယောက်အတွက် ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၁၄၀၀၀ အထိ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
 
သူတို့ ရရှိခဲ့တဲ့ ရန်ပုံငွေ ပမာဏ ဟာ တရားဝင်မွေးစားခွင့် အတွက်ကုန်ကျငွေ ကို လုံလောက်ရုံသာမက ပဲ Tristan ရဲ့ ကျောင်းစရိတ် ပါ အသုံးပြုနိုင်သည်အထိ သက်ရောက်မှုရှိလာခဲ့တယ်လို့လည်း သိရပါတယ်။
 
"ကျွန်မတို့အတွက်လှုဒါန်းငွေ ပေးအပ်ခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ် လို့ ပြောရင်တောင် လုံလောက်မှာ မဟုတ်ပါဘူး။ လူတိုင်းက ဒါကို ဖြစ်လာအောင် ပြုလုပ်ပေးခဲ့တာပါ။ ဒီကလေးဟာ ငါတို့အားလုံးရဲ့  ကလေးအဖြစ် တစ်သက်လုံးရှိနေဖို့ ဆက်လက် လုပ်ဆောင်ရဦးမှာပါ" လို့ Donnie က Springfield News Leader သတင်းဌာနကို ပြောပြခဲ့ပါတယ်။
 
Ref:metro.co.uk
350 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.