ကျင့်ဖန်များမှကျင့်သားရတာတော့ ရတာပေါ့ဗျာ။ ဒါပေမဲ့ အိမ်နီးချင်းတွေကိုလည်း ရူးသွပ်ခါသွားစေနိုင်တယ်လေ။
စပိန်မြောက်ပိုင်းက စန္ဒရားပညာရှင်တစ်ဦးဟာ ပွဲမတိုင်ခင်မှာ လေ့ကျင့်နေတုန်း အောက်ထပ်က အိမ်နီးချင်းရဲ့ အာဏာပိုင်များထံ တိုင်တန်းမှုကိုခံခဲ့ရပါတယ်။ ဂျီရိုနာမြို့မှာ သုံးရက်အမှုကြားနာခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် စန္ဒယားပညာရှင် လီရာ မာတင်ကို တည်ဆဲဥပဒေချိုးဖောက်မှုနဲ့ ထောင်(၁၆)လကျခံဖို့ ပြည်သူ့ရှေ့နေက တရားသူကြီးထံ လျှောက်တင်ခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနာတရ ဖြစ်စေမှုအတွက် နောက်ထပ်ထောင် (၄)လကျခံစေဖို့ကို အဲ့ဒီ့ရှေ့နေက လျှောက်တင်ပြန်ပါတယ်။ လီရာမာတင်ကို စန္ဒယားကျွမ်းကျင်ပညာရှင် အဖြစ် ပွဲတီးခွင့်ကိုလည်း (၆)လပိတ်သင့်ပါတယ်လို့ လည်းပါပါသေးတယ်။
မာတင်ဟာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၇ခုနှစ်အတွင်း ဂီတတက္ကသိုလ် တက်စဉ်ကဆို တစ်နေ့(၈)နာရီလေ့ကျင့်ခဲ့ပါတယ်။ ဒါတွေကြောင့် အိပ်ကောင်းခြင်းမအိပ်ရကြောင်း၊ စိတ်လန့်ခြောက်ခြားရကြောင်း အောက်ထပ်က အိမ်နီးချင်းဖြစ်သူ ဆိုနီယာ ဘိုဆွန်မ်က အတည်ပြုပြောကြားထားပါတယ်။
“ကျွန်တော့်အမှုသည်က တရာမျှတမှုကို အလိုရှိရုံသက်သက်ပါ။ သူမဟာ နှစ်ပေါင်းများစွာ ဝေဒနာခံစားလာခဲ့ရတာ။” လို့ ဘိုဆွန်မ်ရဲ့ ရှေ့နေ သောမက်စ် တော်ရီက ပြောပြီး ၄နှစ်ထောင်ဒဏ်ချဖို့ တရားသူကြီးထံလျှောက်တင်ခဲ့ပါတယ်။ တရားခွင်အစတုန်းကဆို ၇နှစ်ကျခံစေဖို့တောင် တောင်းဆိုခဲ့ပါတယ်။
မာတင်ဟာ အသံလုံခန်းထဲမှာလေ့ကျင့်ခဲ့တာဖြစ်ကြောင်း၊ စန္ဒရားအဖုံးကိုလည်း အုပ်ထားကြောင်း နဲ့ လေ့ကျင့်မှုဟာလည်း ဘိုဆွန်မ် စွဲချက်တင်ထားသလိုမဟုတ်ကြောင်း ကို မာတင်ရဲ့ရှေ့နေကပြောပြခဲ့ပါတယ်။
မာတင်ရဲ့မိဘတွေဟာလည်း ကြံရာပါအဖြစ် ပြစ်ဒဏ်ရှိကြောင်းအတည်ပြုနိုင်မယ်ဆိုရင် ယူရိုထောင်နဲ့ချီပြီး ဒဏ်ငွေပေးဆောင်ရဖွယ်ရှိပါတယ်။
သတင်းပတ်အနည်းငယ်အတွင်း တရားအဆုံးအဖြတ်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။
Ref:Reuters