ကိုယ်မှတ်မိနေစေချင်တဲ့ အရာကို ပုံဆွဲပြီး မှတ်ထားခြင်းက အကောင်းဆုံးဖြစ်

336852c500000578-3552371-image-a-3_1461260248754.jpg
လူတစ်ချို့က အကြောင်းအရာတွေကို မှတ်ထားဖို့အတွက် စာရေးပြီး မှတ်ထားတာမျိုး၊ အတိုကောက်စကားလုံးတွေ၊သီချင်းတွေနဲ့ မှတ်သားတာမျိုး၊ နီးစပ်ရာ အကြောင်းအရာတွေနဲ့ မှတ်ထားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိမှုအရ အကောင်းဆုံး မှတ်မိနေစေမဲ့ နည်းလမ်းကတော့ ပုံဆွဲပြီး မှတ်ထားဖို့ပဲလို့ ဆိုပါတယ်။ ပန်းချီဆွဲသလို ဆွဲတတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ ကိုယ်နားလည်နိုင်မယ့် ပုံစံမျိုးနဲ့ ဆွဲထားတဲ့ ပုံမျိုးကို ပြောတာဖြစ်ပါတယ်။
 
ဝါတာလူး တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ Jeffery Wammes ဦးဆောင်တဲ့ သုတေသနအဖွဲ့က ပုံဆွဲမှတ်သားခြင်းက တခြား မှတ်သားနည်း အားလုံးထက် ၂ ဆ ပိုပြီး မှတ်မိတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ပုံဆွဲမှတ်သားဖို့ အတွက် ကိုယ်ဆွဲလိုတဲ့အရာကို အရင်မြင်ယောင်ကြည့်ရမယ် ။ပြီးရင် ဆွဲဖို့အတွက် ဦးနှောက်ထဲမှာ အရင် စမ်းကြည့်တယ်။ ပြီးမှ လက်က ချဆွဲတဲ့အတွက် ဦးနှောက်မှာ ဒီအကြောင်းအရာကို အနည်းဆုံး ၃ ကြိမ် စဉ်းစားပြီးသား ဖြစ်သွားပါတယ်။
 
Wammes ကလေ့လာမှုအတွက် ကျောင်းသားအုပ်စုတစ်စုကို ရိုးရှင်းတဲ့ ပုံတစ်ချို့ကို ဆွဲခိုင်းပြီးနောက်မှာ စကားလုံးတစ်ချို့ကိုလည်း အထပ်ထပ် အခါခါ ရေးခိုင်းထားပါတယ်။ ပြီးသွားတာနဲ့ တခြားအာရုံပြောင်းစေမဲ့ သီချင်းနားထောင်တာမျိုး ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ခိုင်းပါတယ်။ သတ်မှတ်အချိန်ပြည့်တဲ့နောက် ခုနက ရေးခဲ့ ဆွဲခဲ့တဲ့ ပုံတွေ စာလုံးတွေထဲက မှတ်မိသမျှကို ပြန်ရေးခိုင်းတဲ့အခါ အထပ်ထပ် အခါခါရေးခဲ့တဲ့ စကားလုံးတွေထက် ဆွဲခဲ့တဲ့ ပုံတွေကို ပိုမှတ်မိကြတာကို တွေ့ရပါတယ်။
 
မိမိမှတ်ဥာဏ်ကို တိုးတက်မှတ်မိနေချင်တယ်ဆိုရင် အကောင်းဆုံးနည်းက ပုံဆွဲမှတ်သားထားဖို့ပဲ ဖြစ်ပါတယ်။
 
Ref:dailymail.co.uk
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.