စာအုပ်ချစ်သူများအတွက် အကောင်းဆုံး Android App (၇) ခု

best-reading-apps.jpg

စာအုပ်ချစ်မြတ်နိုးသူတိုင်းအတွက်မိမိတို့ စမတ်ဖုန်းမှာ ရှိထားသင့်တဲ့ android app စာရင်းတစ်ခု စုစည်းဖော်ပြပေးလိုက်ပါတယ်။ သင်ဟာ စာအုပ်ချစ်တတ်သူ တစ်ဦးဖြစ်ပါက ဒီ app လေးတွေက သင့်ကို  မအားမလပ်တဲ့ကြား စာဖတ်ချိန်ရအောင် များစွာ ကူညီပေးပါလိမ့်မယ်။

၁။ Goodreads

ဒီတစ်ခုကို နံပါတ် (၁) နေရာမှာ ထားလိုက်ရပါတယ်။ စာဂျပိုးတွေအတွက် social networking ဆောင်ရွက်စရာ ဒီတရားဝင် app Goodreads မှာ သုံးစွဲသူဦးရေ ၄၀ မီလျံရှိနေပါပြီ။ နောက်ဆုံးအရောင်းရဆုံးစာအုပ်တွေ ရှာချင်တာ ဖြစ်ဖြစ်၊ စာချစ်သူအချင်းချင်း အပြန်အလှန်အကျိုးပြတာ ဖြစ်ဖြစ် ဒီ app လေးက ရှိကိုရှိရမယ့် အရာတစ်ခုဖြစ်ပါတယ်။

မိမိဝယ်ချင်တဲ့ စာအုပ်နဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ ဖတ်ရှုနိုင်ပြီး စာအုပ်တွေကို မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ပြီး သတ်မှတ်ချက်တွေ ပေးနိုင်ပါတယ်။ အဲဒီအပြင် barcode scanning လုပ်ပြီး အမျိုးအစားစုံလင်တဲ့ စာအုပ်တွေဆီက အချက်အလက်တွေ ရရှိနိုင်ပါတယ်။

၂။ Wattpad          

ဒီ app က ပုံပြောခြင်းကို အဓိက ဦးစားပေးထားပါတယ်။ ပုံပြင်ပေါင်း ၇၅ မီလျံကျော် ရွေးချယ်ဖတ်ရှုခွင့်ရမှာဖြစ်ပြီး ဆက်သွယ်စကားပြောလိုတဲ့ ဆရာရေးဆရာများနဲ့လည်း ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ Wattpad ဖြင့် ရေးသားနေဆဲစာအုပ်တွေကို follow လုပ်နိုင်ပါတယ်။ ဒီတော့ ရေးသားနေတုန်း တစ်ခန်းချင်း ဖတ်ခွင့်ရပါမယ်။

စာရေးသူကို ဝတ္ထုတစ်ပုဒ်လုံး အပြီးသတ်ထိ စောင့်ရတာထက် ပိုကောင်းပါတယ်။ နောက်ပြီး ယင်းစာရေးဆရာကို မှီငြမ်းပါက Wattpad သုံးပြီး မိမိကိုယ်ပိုင်စာအုပ်လည်း ရေးသားပြုစုနိုင်ပါတယ်။

၃။ Audiobooks from Audible

မိမိအကြိုက်ဆုံးစာအုပ်တွေကို အေးအေးလိုလို ထိုင်ဖတ်ခြင်းအတွက် အချိန်မပေးနိုင်တဲ့ အချိန်များစွာရှိပါတယ်။ ကျွန်ုပ်တို့ ဆန္ဒရှိကြပေမယ့် အချိန် တကယ် မရှိတာပါ။ အသံဖိုင်က အဲဒီပြသနာကို ဖြေရှင်းပေးပါတယ်။ ဒီ app က အသုံးပြုသူတွေကို စမတ်ဖုန်းကနေ မိမိတို့အကြိုက်နှစ်သက်ဆုံး ဝတ္ထုစာအုပ်တွေ ရွေးချယ်နားထောင်ခွင့် ရရှိစေပါတယ်။

၎။ Amazon Kindle

ကမ္ဘာတစ်ဝှမ်းမှ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာတွေ ဖတ်ချင်တာလေးသာ ပြော Kindle app မှာ ရှိပါတယ်။ အခမဲ့စာအုပ်တွေ ဖတ်နိုင်၊ ဝယ်နိုင်သလို စက်ထဲက စာအုပ်တွေလည်း ဖတ်ရှုနိုင်ပြီး app ပေါ်ရှိ အမျိုးအစားစုံလင်တဲ့ စာအုပ်တွေက နာမူနာ အမြည်းလေးတွေ ဖတ်ကြည့်နိုင်ပါတယ်။

Android အတွက် ထုတ်ထားတဲ့ Kindle မှာ Google နဲ့ Wikipedia ပေါ်ရှိ ဝေါဟာရများရဲ့ အဓိပ္ပါယ်ရှင်းလင်းချက်အတိုင်း ရှာဖွေနိုင်တဲ့ buildt-in dictionary တစ်ခု ပါရှိပါတယ်။

၅။ Pocket

စာဖတ်ဝါသနာပါရင် အင်တာနက်ပေါ်က ဆောင်းပါး သို့မဟုတ် e-book တွေ ရှာဖွေနေမိပါလိမ့်မယ်။ Pocket app လေးဖြင့် အင်တာနက်ပေါ်က မိမိစားဝင်စားရာ ဆောင်းပါးတွေ ရှာဖွေသိမ်းဆည်းပြီး နောက်မှ ဖတ်ရှုနိုင်ပါတယ်။

ဆောင်းပါးတွေအပြင် ဗွီဒီယိုနဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေလည်း နောက်မှကြည့်နိုင်အောင် save လုပ်ထားနိုင်ပါတယ်။

၆။ OverDrive

OverDrive ဟာ ကမ္ဘာတစ်ဝှမ်း အများသုံး စာကြည့်တိုက် ၃၀,၀၀၀ ကျော်ကို ဝင်ရောက်လေ့လာခွင့် ရစေပါတယ်။ app ထဲရှိ library လည်း ဝင်ရှာနိုင်ပြီး e-book, audiobook နဲ့ video တွေ အမျိုးအစားစုံစုံလင်လင် ငှားရမ်းနိုင်ပါတယ်။

၇။ Google Play Books

Google Play Books က စာအုပ်တွေ ရွေးချယ်နိုင်ခွင့်နဲ့ offline နဲ့ online ဖတ်ရှုခွင့် ပြုထားပါတယ်။ စာမျက်နှာတွေ bookmark လုပ်တာ၊ စာလုံးတွေ highlight လုပ်ခြင်းနဲ့ လတ်တလော ဖတ်နေတဲ့ စာအုပ်တွေမှာ မှတ်ချက်တွေ ထည့်သွင်းရေးသားနိုင်ပါသေးတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.