Tupac အကြောင်းရိုက်ကူးထားတဲ့ “All Eyez On Me” ဇာတ်လမ်း နိုဝင်ဘာလမှာ ထွက်ရှိမည်

tupac_main_2822157a.jpg
ကမ္ဘာကျော် ဂန္တ၀င် Rap အဆိုတော် Tupac ရဲ့  ပရိတ်သတ်တွေဟာ လတ်စ်ဗီးဂတ်စ် မြို့ မှာပဲ Tupac ရဲ့ သေဆုံးမှုကို နောက်တစ်ကြိမ်မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Tupac အကြောင်း ရိုက်ကူးနေတဲ့ “All Eyez on Me” ဇာတ်လမ်းရဲ့  ဇာတ်ဝင်ခန်း တစ်ခုကြောင့်ပါပဲ။
 
“All Eyez on Me” ဇာတ်လမ်းမှာ Tupac အဖြစ် သရုပ်ဆောင်မယ့် Demetrius Shipp, Jr နဲ့ Suge Knight အဖြစ် သရုပ်ဆောင်မယ့် Dominic L.Santana တို့ဟာ Tupac ရဲ့  လတ်စ်ဗီးဂတ်စ်မြို့ မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
 
Suge Knight အဖြစ် သရုပ်ဆောင်မယ့် Dominic L.Santana ဟာ သေနတ်ပစ်ခတ်ခံရမှုအပြီးမှာ ယာဉ်မောင်း ဘေး ထိုင်ခုံကနေ ကားအောက်ကို ဆင်းလာတဲ့ ဇာတ်ဝင်ခန်းလည်း ဖြစ်ပါတယ်။ Tupac သေဆုံးမှုဟာ နှစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ သေဆုံးမှုဟာလည်း လျှို့ဝှက်ကြံစည်မှု သီအိုရီ တစ်ခုအဖြစ်သာ မှတ်တမ်းကျန်ရှိခဲ့ပါတယ်။
 
“All Eyez On Me” ဇာတ်လမ်းကတော့ နိုဝင်ဘာလ ထဲမှာ ထွက်ပေါ်လာမယ်လို့ သိရပါတယ်။
 
Ref:tmz
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.