ခေါင်းမာသူတွေ အချစ်ရေးမှာ မှားယွင်းတတ်တဲ့ အချက် (၅) ချက်

preserve_0.jpg

 အချစ်ရေးကို အသာထား။ ဘယ်လိုဘဝအခြေအနေတွေမှာမဆို ခေါင်းမာသူတွေနဲ့  ပေါင်းသင်းဆက်ဆံရတာ ခက်ခဲတတ်ပါတယ်။

၁။ အာဏာလွန်ဆွဲမှု

အာဏာလွန်ဆွဲခြင်းက လူတွေ အချစ်ရေးမှာ လုပ်မိနေတဲ့ အကြီးမားဆုံး အမှားတွေထဲက တစ်ခု ဖြစ်ပါတယ်။ သင်သိထားတဲ့သလိုပဲ ဒီကစားပွဲမှာ ဘယ်တော့မှ ရလဒ်ကောင်းဆိုတာ မရှိပါဘူး။ အနည်းဆုံး လူကို စိတ်အနှောင့်အယှက်ဖြစ်စေမှု၊ ဂရုမစိုက်မှုနဲ့ ဆုံးရှုံးမှုသာ ကျန်ရစ်စေသော မပြီးပြတ်သေးတဲ့ ယှဉ်ပြိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ခေါင်းမာသူလို့ ခံယူပါက ကြမ်းတမ်းစွာ ပိုတွန်းလေ မိမိလက်တွဲဖော်ဟာ အဝေးရောက်လေဆိုတာ သိထားရပါမယ်။ သိမ်ငယ်စိတ်က ပုန်ကန်တော်လှန်မှုဆီ အမြဲဦးတည်ပြီး ပုန်ကန်တော်လှန်မှုဟာ မိမိအချစ်ရေးမှာ အမြဲတမ်း ပြသနာတွေ ဖြစ်စေပါလိမ့်မယ်။ ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုဟာ ဟန်ချက်ညီတယ်ဆိုတာ မမေ့ပါနဲ့။

၂။ အပြစ်တင်ခြင်း

ဘယ်သူမှ မမှားချင်ကြပါ ဒါမှမဟုတ် လိပ်ပြာမသန့်ဘဲ မနေချင်ကြပါ။ ဒါပေမယ့် နောက်ပြန်ဆုတ်ပြီး လက်ညွန်းထိုး အပြစ်တင်မှုတွေ ရပ်တန့်တဲ့ တစ်ချိန်ချိန်တော့ မဖြစ်မနေရောက်လာတတ်ပါတယ်။ မိမိလက်တွဲဖော်ကို ရိုင်းပြတဲ့ အကျင့်ကနေ ပြောင်းလဲစေချင်ရင် မိမိချစ်သူကို တိုက်ခိုက်သိမ်ငယ်စေမယ့်အစား အလေးထားဆက်ဆံပါ။ စိတ်ထဲ ခံစားတဲ့အတိုင်း စကားလုံးတွေနဲ့ဖော်ပြပြောဆိုခြင်းက အပြစ်တင်မှု၊ အရှက်ရခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းဆိုတဲ့ စိတ်ကို ကင်းဝေးစေပါတယ်။ တစ်ကြိမ်တစ်ခါ မှားတာတော့ ကိစ္စမရှိပါဘူး။ ကျွန်ုပ်အားလုံးဟာ လူတွေပဲမို့ တစ်ကြိမ်တစ်ခါလောက်မှားတာ ပြသနာမဟုတ်ပါ။

၃။ ထိပ်တိုက်တွေ့ခြင်း

ခေါင်းမာသူတွေဟာ ထိပ်တိုက်ရင်ဆိုင်မှုကို ကျင့်သုံးလေ့ရှိပါတယ်။ ဒီအကျင့်က တချို့ကိစ္စမှာ အလုပ်ဖြစ်ပေမယ့် အချစ်ရေးမှာ ကောင်းမွန်စွာ အဆုံးသတ်တာ သိပ်မရှိသလောက်ပါပဲ။ ခေါင်းမာသူတွေဟာ ဘယ်လောက်ပဲ မရေးမကြီးကိစ္စတွေလဲ  ငြင်းခုံလေ့ရှိပါတယ်။ ဒီအပြုအမူမျိုးက ပင်ပန်းပါတယ်။ သင်ဟာ မိမိကိုယ်ကိုယ် ထိပ်တိုက်တွေ့ဆုံတတ်သူလို့ ခံယူထားသူဖြစ်တယ်ဆိုရင် ပြသနာကို သင့်တော်မှန်ကန်တဲ့ အပြုအမူဖြင့် မဖြေရှင်းနိုင်တဲ့ အချက်ကို သက်သေပြနေကြောင်း သတိရပါ။

၎။ နားထောင်ချိန်မပေးခြင်း

ကောင်းမွန်တဲ့ ဆက်ဆံပြောဆိုမှုက ခိုင်မာတဲ့အချစ်ရေးမှာ မဖြစ်မနေ လိုအပ်ပါတယ်။ သင်ဟာ အလေးထားမှု ကြိုက်နှစ်သက်သူဖြစ်ပါက ကြားဖြတ်ပြောဆိုမှုတွေ ရပ်ဆိုင်းပြီး နားထောင်မှု စတင်မယ့် အချိန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှင်းရှင်းလင်းလင်းနားလည်အောင် မေးခွန်းတွေ မေးမြန်းပါ။ အဲဒီအချက်က သင် ပြသနာတွေ နားလည်အောင် ကြိုးစားနေမှန်း သင့်လက်တွဲဖော်ကို သိစေပြီး မိမိတို့အချစ်ရေးကို အဆင်ပြေစေပါလိမ့်မယ်။ 

Ref: Shefinds 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.