အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာဖို့ လိုအပ်တဲ့ အချက်များ

relationship-advice.jpg
အိမ်ထောင်ရေး တစ်ခုမှာ လက်ရှိ ရောက်နေတဲ့ အနေအထား အတိုင်းပဲ တစ်သက်လုံး နေထိုင်သွားဖို့ မစဉ်းစားပါနဲ့။ ပိုပြီး သာယာ သထက် သာယာ လာအောင် ၊ ပျော်ရွှင် သထက် ပျော်ရွှင် လာအောင် ကြိုးစား သွားမှာသာ အောင်မြင်တဲ့ အိမ်ထောင်ရေး လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အောင်မြင်တဲ့ အချစ်ရေးကို ထိန်းသိမ်းနိုင်တဲ့သူတွေကပဲ ယနေ့ခေတ် ကမ္ဘာကြီးမှာ လူမှုရေးအရ လွှမ်းမိုးမှု အများဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာ ကြပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ တစ်သားတည်းကျနေဖို့
 
အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုမှာ နင်နဲ့ငါ ဆိုတာ မရှိပါဘူး။ ငါတို့ ဆိုတာပဲ ရှိပါတယ်။ မတူညီတဲ့ လူ ၂ ယောက်ဟာ အသင်းအဖွဲ့တစ်ခုလို ဖြစ်လာပါတယ်။ ညီမျှစွာ ညှိုနှိုင်း သဘောတူမှုဆိုတာဟာ အိမ်ထောင်ရေး တစ်ခုရဲ့  နေ့စဉ် ဘ၀ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
 
၂။ လေးစားမှု
 
ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေဟာ အပြန်အလှန် မေတ္တာတရားနဲ့ အပြန်အလှန်လေးစားမှုတို့ကို အခြေခံထား ပါတယ်။ သင့် လက်တွဲဖော်ရဲ့  အခြေအနေအရပ်ရပ် နဲ့ တွေးခေါ်ပုံတွေကို လေးစားခြင်းဟာ သက်တမ်းရှည်ကြာ မယ့် အချစ်တစ်ခုကို တည်ဆောက်နေခြင်း ပဲ ဖြစ်ပါတယ်။
 
၃။ ယုံကြည်မှု
 
စုံတွဲတွေဟာ ဘာကိုမဆို ဖွင့်ဟ ပြောပြရပါတယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာဆိုရင် ဘာ လျှို့ဝှက်ချက် မှ ရှိမနေရပါဘူး။ဒါမှသာ အခက်အခဲ တစ်ခုကြုံလာတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး နှစ်ယောက်အတူ ဖြေရှင်းနိုင်မှာပါ။
 
၎။ ငွေကြေးမျှဝေခြင်း
 
အောင်မြင်တဲ့ အိမ်ထောင်ရေးမှာတော့ ငွေကြေးနဲ့ ပတ်သက်ရင်လည်း မင်း ပိုက်ဆံ ၊ ငါ့ ပိုက်ဆံ လို့ မရှိပါဘူး။ ငါတို့ပိုက်ဆံ ဆိုတာပဲ ရှိပါတယ်။ ဒီနေရာမှာ တစ်ယောက်ကို တစ်ယောက် ယုံကြည်စွာ အသိပေးမှု ကလည်း ဒွန်တွဲနေပြန်ပါတယ်။ တန်ဖိုးကြီး ပစ္စည်းတစ်ခုခုကို ကိုယ့်လက်တွဲဖော်ကို အသိမပေးပဲ မ၀ယ်လိုက်ပါနဲ့။ နှစ်ယောက်ပေါင်း ဘဏ္ဍာရေး အခြေအနေကို နှစ်ယောက်လုံး နားလည် ထားဖို့လိုအပ်ပါတယ်။
 
၅။ ကျန်းမာရေး
 
အိမ်ထောင်ရှင် တွေအများဆုံး လက်ခံထားကြတာ အိမ်ထောင်ကြပြီးသွာပြီ ဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကို ဂရုစိုက်ဖို့ မလိုအပ်တော့ဘူးဆိုတာပါပဲ။ တစ်ကယ်တော့ အဲဒါမှားပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့  ကျန်းမာရေးကို ကိုယ်က ဂရုစိုက်ဖို့ တွန်းအားပေးသွားရမှာပါ။ အဲဒါမှသာ “ယနေ့မှစ နှစ်တစ်ရာတိုင်” ဆိုတဲ့ စကားနဲ့အညီ အချိန်များစွာ အတူနေထိုင်သွားနိုင်မှာပါ။ အတူတူ လေ့ကျင့်ခန်း လုပ်ရပါမယ်။ အတူတူ အနားယူရပါမယ်။ အားကစား ခန်းမ ကို အတူသွားရပါမယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကို အပြန်အလှန် ဂရုစိုက်ပေးဖို့ လိုပါတယ်။
 
၆။ အထိအတွေ့
 
အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုမှာ အထိအတွေ့ ဆိုတာဟာ အချစ်ကို သက်သေပြလိုက်သလိုပါပဲ။ ဒါပေမယ့်လည်း တစ်နေ့ကို အကြိမ်ပေါင်းများစွာ အထိအတွေ့တွေ ဖန်တီးနေခြင်းကတော့ ဘာအကျိုးသက်ရောက်မှုမှ ရလာမှာ မဟုတ်ပါဘူး။ အထိအတွေ့တွေဟာ အချစ်ရေးတစ်ခုမှာ အာမေဋိတ်အမှတ်အသား တစ်ခုလို ဖြစ်နေဖို့ လိုပါတယ်။
 
၇။ အံ့အားသင့်စေခြင်း(Surprise)
 
အိမ်ထောင်ရှင်တွေဖြစ်သွားပေမယ့်လည်း ချစ်စကြိုက်စ တုန်းကလိုပဲ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်အောင် ပြုလုပ်ပေးသင့်ပါတယ်။ အထိမ်းအမှတ်နေ့တွေမှာ ၊ မွေးနေ့တွေမှာ မထင်မှတ်ထားတဲ့ လက်ဆောင်ဝယ်ပေးတာမျိုးပဲ ဖြစ်ဖြစ် ၊ ကိုယ့်လက်တွဲဖော် လိုချင်နေတဲ့ အရာတစ်ခုကို သူမသိအောင် ၀ယ်ပေးတာမျိုးပဲ ဖြစ်ဖြစ် လုပ်ပေးဖို့လိုပါတယ်။ မဟုတ်ရင် ပျင်းစရာ ကောင်းနေပါလိမ့်မယ်။
 
Ref:eharmony
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.