ပင့်ကူလူသား အနမ်းနဲ့ အနမ်း ၇ မျိုးရဲ့အဓိပ္ပါယ်များ

d3d32de901993a74ec6b75221b1dfc86.jpg
အနမ်းဆိုတာ ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို စကားလုံးနဲ့ပြောစရာ မလိုဘဲသိအောင် ပြနိုင်တဲ့ အကောင်းဆုံး ဖော်ပြနည်းတစ်ခုဖြစ်ပါတယ်။အရိုးရှင်းဆုံး အနမ်းတစ်ပွင့်မှာတောင် အံသြစရာအကောင်းဆုံး သတင်းစကားတွေ ပါနေတတ်ပြီး အနမ်းတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။
 
(၁) ချစ်တဲ့သူက ပါးပြင်ကို နမ်းလိုက်တဲ့ အဓိပ္ပါယ်က သူကိုယ့်အပေါ်မှာ လေးစားမှုရှိတယ်။အတင်းအကျပ် ဘာကိုမှ မတိုက်တွန်းဘူး။ကိုယ့်ကို သဘောကျတယ်ဆိုတာကို ရိုးရိုးရှင်းရှင်းလေး ပြသတဲ့သဘောပဲ ဖြစ်ပါတယ်။
 
(၂) နဖူးလေးကို နမ်းတဲ့အနမ်းကတော့ နူးညံြ့ပီး နွေးထွေးတဲ့ အနမ်းဖြစ်ပါတယ်။ ချစ်တဲ့သူက နဖူးပြင်ကို နမ်းတဲ့အခါ လုံခြုံမှုကို ခံစားရပါတယ်။ဒီလို အနမ်းမျိုးကို မိခင်တစ်ယောက်ရဲ့ အနမ်းနဲ့ တူတယ်လို့ ဆိုကြပါတယ်။အဓိပ္ပါယ်က “ငါမင်းကို အလေးထားဂရုစိုက်မယ်။မင်းကို အဆုံးရှုံး မခံနိုင်ဘူး”ဆိုတဲ့ သဘောဖြစ်ပါတယ်။
 
(၃) ချစ်သူရဲ့လည်ပင်းကို နမ်းတဲ့အနမ်းကတော့ ကိုယ်နဲ့ အတူရှိနေရတာကို သူအရမ်းပျော်နေပြီး ကိုယ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်ဆိုတာကို ပြတာဖြစ်ပါတယ်။
 
(၄)နှုတ်ခမ်းကို ညင်သာ ဖြေးညှင်းစွာ နမ်းတဲ့ ကဗျာဆန်တဲ့အနမ်းကတော့ မင်းမရှိလို့ မဖြစ်ဘူးဆိုတဲ့ တစ်ယောက်ကို တစ်ယောက်အလေးထားတယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ဒီအနမ်းမှာ အရေးအကြီးဆုံးက ချစ်တဲ့သူအပေါ်ထားတဲ့ အချစ်စိတ်ဖြစ်ပါတယ်။ဒီအနမ်းကနေတဆင့် ကိုယ့်ချစ်သူအကြောင်းကို ပိုပြီး သိနိုင်ပါတယ်။
 
(၅)လျှာဖျားလေးကို သုံးပြီး နမ်းတဲ့ ပြင်သစ်အနမ်းကတော့ မင်းကို ချစ်တယ် ။မင်းကို လိုအပ်တယ်ဆိုတဲ့ သဘောဖြစ်ပြီး ပိုပြီးရင်းနှီးမှု၊ စိတ်ခံစားချက် ပြင်းပြမှုကို ပြပါတယ်။
 
(၆)နာမည်ကျော် ပင့်ကူလူသား ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာပါတဲ့ အနမ်းဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်က ပြောင်းပြန် အနေအထားနဲ့ ခေါင်းချင်းဆိုင်ရှိနေတာကြောင့် ကိုယ့်ချစ်သူရဲ့ အသက်ရှူတဲ့ လေငွေ့ကို ခံစားနိုင်သလို ဒီအနမ်းရဲ့ အဓိပ္ပါယ်ကတော့ မင်းနဲ့ ငါအရမ်းရင်းနှီးနွေးထွေးလွန်းတဲ့အတွက် မင်းနဲ့ဆိုရင် ဘာမဆိုရင်ဆိုင်ရဲတယ် ဆိုတဲ့အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
 
(၇)ကဗျာမဆန်ပေမဲ့ ကိုယ့်ချစ်သူရဲ့ နှုတ်ခမ်းကို ပါးစပ်လေးပိတ်ပြီး မြန်မြန်လေး နမ်းလိုက်တဲ့အဓိပ္ပါယ်ကတော့  ငါမင်းကြောင့် ပျော်ခဲ့ရပါတယ် ဆိုတာကို ပြလိုက်တာ ဖြစ်ပါတယ်။
 
Ref:reldigezt
132 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.