ကလေးငယ်များ hot dogs စားသုံးမှု တားမြစ်သင့်

635814491984513263-gty-142263907.jpg
အမေရိကန် ဆရာဝန်တွေက မိသားစုများအား ကလေးတွေ hot dogs မကျွေးဖို့ အကြံပြုထားပါတယ်။ Hot dogs ဟာ အမေရိကန်လူမျိုးအများစုအဖို့ အကြိုက်ဆုံး အစာပြေအစားအစာဖြစ်ပါတယ်။ တစ်လ hot dogs ၁၂ ခု ကျော် စားသုံးတဲ့ ကလေးငယ်များ သွေးကင်ဆာ ကူးစက်ရရှိနိုင်ခြေ ၉ ဆခန့် ပိုများကြောင်း သုတေသီတွေက ဖော်ပြထားပါတယ်။
 
တစ်ပတ် hot dogs(၁) ခုစားသုံးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဦးနှောက်အသားပိုရောဂါဖြစ်ပွားမယ့် ကလေးမွေးဖွားနိုင်ခြေ ပိုများတယ်လို့လည်း လေ့လာမှုများက ဖော်ပြထားပါတယ်။
 
အဲ့ဒီ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ရသေးဘူးဆိုရင်လည်း hot dog စားသုံးတဲ့ ဖခင်တွေနဲ့ အတူနေပြီး ကိုယ်ဝန်ရမယ်ဆိုရင် ကင်ဆာရောဂါဖြစ်တဲ့ ကလေးရနိုင်ခြေပိုများပါတယ်။ ဒီပြသနာ ဖြစ်ပွားစေတာက Hot dog ရှိ nitrite addictive တွေကြောင့် ဖြစ်ပါတယ်။
 
Nitrite addictive မှာ တာရှည်ခံ အစားအစာရှိ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အဆိပ်သင့်ဝေဒနာတစ်ခုအဖြစ် ပါဝင်နေပေမယ့် စားသုံးသူအဖို့ အလွန်အန္တရာယ်များတဲ့ ကျန်းမာရေးဂယက်တွေ ရှိပါတယ်။
 
Hot dog ကို ချက်ပြုတ်ပြင်ချက်လိုက်တဲ့အခါ amines နဲ့ nitrates ရောစပ်သွားပါတယ်။ Amines တွေက အသားမှာ သဘာဝအလျောက်ဖြစ်ပေါ်ပွားပေမယ့် nitrite နဲ့ ပေါင်းလိုက်တဲ့အခါ ကင်ဆာရောဂါဖြစ်စေတဲ့ ဒြပ်ပေါင်းမှု ဖြစ်ပွားကြောင်း သိရပါတယ်။ Hot dog စားသုံးမှုရပ်ဖို့ အကြံပြုထားပြီး မလုပ်ဆောင်နိုင်ပါကလည်း စားသုံးတဲ့ပမာဏ လျော့ချသင့်ကြောင်း အကြံပြုထားပါတယ်။
 
Ref:healthyfoodstar
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.