ခေါင်းဆောင်အနေနဲ့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာပြီဖြစ်တဲ့ သူရိယ

13081774_1738677893057788_2118664802_n.jpg

စရိုက်ဆိုတဲ့ ကားလေးမှာ စရိုက်ကျတဲ့ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နေတဲ့ သူရိယက လက်ရှိမှာ ခေါင်းဆောင်မင်းသားအနေနဲ့ဇာတ်ကားတွေ စတင်ရိုက်ကူးနေပြီဖြစ်တာကြောင့် သူဖန်တီးသွားမဲ့ အနုပညာ အကြောင်းနဲ့ လက်ရှိမှာ ရိုက်ကူးနေတဲ့ ကားလေးအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ သူက

"အခုရိုက်နေတဲ့ ကားလေးက စရိုက်တဲ့။ ဒါရိုက်တာက ပြည်ဟိန်းသီဟ၊ မင်းသမီးက ယုသန္တာတင် ထုတ်လုပ်ရေးက New Life Art ပါ။ ဒီကားထဲမှာ စရိုက်ကျတဲ့ လူငယ်တစ်ယောက်ရဲ့ကာရိုက်တာပေါ့။ သူခိုး ၊ ကြမ်းပိုး ကာရိုက်တာလေးပါ။ အခုရိုက်နေတဲ့ ကားလေးက ခေါင်းဆောင်အနေနဲ့သုံးကားမြောက်ရိုက်တာပါ။ အရှေ့နှစ်ကားက ရွာသားရယ်၊ ချစ်သူအိပ်မက်ဆယ့်ခြောက်ချက်ရယ်။ အခုစရိုက်ရယ်ပေါ့။ ဒီထုတ်လုပ်ရေးနဲ့က စာချုပ်မချုပ်ထားဘူး။ အလွတ်ပဲရိုက်တာပါ။ ခေါင်းဆောင်အနေနဲ့ ရိုက်ပေမဲ့ ဒုတိယမင်းသားနေရာကို မရိုက်ဖူးရယ်တော့ မဟုတ်ဘူး။ အပြိုင်ဇာတ်ဆိုရင်တော့ ဇာတ်ကိုကြည်ပြီး လက်ခံမှာပါ။ ဒီကားပြီးရင် အောင်သီရိထုတ်လုပ်ရေးအတွက် အန်ကယ်လေးနဲ့ယုတို့နဲ့ဇာတ်လမ်းလေးတစ်ခုရိုက်ဖို့ရှိတယ်"တဲ့။

ပြီးခဲ့တဲ့ သင်္ကြန်ကို ဘယ်လို ကုန်ဆုံးဖြစ်ခဲ့သလဲဆိုတာကိုတော့ "ထားဝယ်သွားတယ်။ အကျနေ့ကရန်ကုန်ပြန်ရောက်တယ်။ တိုက်အောက်မှာ မဏ္ဍပ်ဆောက်ထားတော့ ရေဆော့ဖြစ်တယ်။ ဒီလောက်ပါပဲ။"လို့ ဖွင့်ဟသွားပါတယ်။

ဇာတ်ကားတွေပြန်လည်ရိုက်ကူးဖြစ်ပုံနဲ့ပတ်သက်ပြီးတော့လည်း "ဇာတ်ကား မရိုက်တာ ၂ နှစ်လောက်ရှိတယ်။ အခုပြန်ရိုက်ဖြစ်တာကတော့ ၆လ ၊ ၇လလောက်တော့ ရှိပြီ။ ကြားထဲမှာက စာချုပ်ကြောင့်စောင့်နေတာနဲ့ဘာနဲ့ဆိုတော့ ၂ နှစ်လောက်တော့ကြာသွားပါတယ်။ တစ်ကိုယ်တော်ခွေ စီစဉ်နေဖြစ်တာကြောင့် သီချင်းလေးတွေစုနေတယ်။ ဂီတကိုလဲဝါသနာပါတယ်။ သီချင်းအဟောင်းလေးတွေလဲ ပါမယ်။ အရင်ကအဆိုတော်တွေရဲ့သီချင်းလဲပါမယ်။ တေးရေးအသစ်တွေလဲပါမယ်။ အဲ့ဒါကတော့ ဒီနှစ်ကုန်ဒါမှ မဟုတ်နောက်နှစ်ကုန်ထွက်ဖို့ မှန်းထားပါတယ်။ သရုပ်ဆောင်ကတော့ အဓိကအလုပ်ပေါ့။ သီချင်းဆိုတာကတော့ ၀ါသနာကြောင့် အားတဲ့ အချိန်လေးတွေမှာလုပ်ဖြစ်ရင်းနဲ့ထုတ်ဖို့ဖြစ်လာခဲ့တာပေါ့။ ၂၀၁၆ ထဲမှာ လုပ်ဖြစ်သွားမဲ့ အနုပညာတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော် အခွေလေးကိုပြင်ဆင်နေတယ်။ ကားရိုက်ပိုင်းမှာလဲ အရင်နဲ့မတူတဲ့ကာရိုက်တာ ဆန်းဆန်းပြားပြားလေးတွေကို ကြိုးစားပြီးဖန်တီးချပြသွားမယ်။"လို့ သူက ပြည့်ပြည့်စုံစုံ ပြောပြသွားပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.