Prince နဲ့ နောက်ဆုံး စကား ပြောခဲ့သူဟာ Will Smith ဖြစ်နေ

will-prince.jpg
ပေါ့ပ် ဂီတ နဲ့ ပတ်သက်ပြီး Michael Jackson ပြီးရင် လူငယ်တွေအပေါ် လွှမ်းမိုးမှု အများဆုံး ဖြစ်ခဲ့တဲ့ လူမည်း အဆိုတော်  Prince ရဲ့ ကွယ်လွန်မှု နဲ့ ပတ်သက်ပြီး သူ့ရဲ့  နောက်ဆုံး အချိန်တွေကို မှတ်တမ်းတင်ခဲ့ရာမှာတော့ Prince နဲ့ နောက်ဆုံး စကားပြောဖြစ်ခဲ့တဲ့ အနုပညာရှင်ဟာ Will Smith ပဲ ဖြစ်တယ်လို့ သိရပါတယ်။
 
Prince ဟာ ကြာသပတေး နေ့ မနက်က Minnesota အိမ်ရာ မှာရှိတဲ့ နေအိမ်မှာ သေဆုံးလျက် မတွေ့ရခင်က ဗုဒ္ဓဟူး နေ့ည တုန်းက Prince ဟာ Will Smith နဲ့ တွေ့ဆုံခဲ့တယ်လို့ Dailymail သတင်းဌာနက ဖော်ပြထားပါတယ်။ Will Smith ကိုယ်တိုင်ကလည်း သူ့သူငယ်ချင်း ရဲ့  သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ၀မ်းနည်းရတယ် ဆိုတဲ့အကြောင်းကို ဖော်ပြရင်း သူနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို Facebook မှာ ရေးသားထားပါသေးတယ်။
 
ဘယ်အချိန်မှာတွေ့ဆုံပြီး ၊ ဘာတွေ ပြောဖြစ်ခဲ့လည်း ဆိုတာကိုတော့ Will Smith က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ Prince ဟာ အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့  သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေကတော့ သောကြာင်္နေ့ကပဲ ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးမှု ရလဒ်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.