မိမိ ကွန်ပျူတာကို သူများတွေ ၀င်ကြည့်၊ ၀င်ကလိလို့ မရအောင် ကာကွယ်နည်း

how-to-prevent-mac-from-bei-380x230.jpg

Control Panel ဟာ Windows ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး OS ရဲ့အစောဆုံးဗားရှင်းမှာကတည်းက ပါဝင်ခဲ့တာပါ။ (ဥပမာ – configuration of user accounts, addition/ removal of hardware and software စတဲ့) မရှိမဖြစ် system settings အားလုံးတို့ကို Control Panel ကနေတဆင့် ပြောင်းလဲပြင်ဆင်နိုင်ပါတယ်။ ဒီတော့ အထူးသဖြင့် အများသုံး ကွန်ပျူတာတွေမှာ authorized users တွေမှသာ သုံးခွင့်ရနိုင်ဖို့ အဓိက ဖြစ်ပါတယ်။

Windows ရှိ Control Panel ကို ကန့်သတ် ထိန်းချုပ် နိုင်ပါတယ်။ ဒါကို "Group Policy editor" ကနေတဆင့် ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် စမလုပ်မီ အောက်ပါ အရေးကြီးအချက်တွေ သေချာဖတ်ပါ။

မှတ်သားစရာအချက်များ

·         Group Policy editor က operating system ရဲ့ အဆင့်မြင့် လုပ်ဆောက်ချက်တစ်ခု ဖြစ်ပါတယ်။ မှန်အောင် မသုံးပါက system သုံးမရဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သတိနဲ့ ဆက်လက်လုပ်ဆောင်ပါ။

·         Group Policy editor မော်ကျူးက Microsoft Windows ဗားရှင်းအချို့မှာသာ ရနိုင်ပါတယ်။

Windows မှာ Control Panel သို့ဝင်ခွင့် ကန့်သတ်ထိန်းချုပ်ခြင်း

အဆင့် (၁)

Run prompt မှာ gpedit.msc ရိုက်ထည့်ပြီး Group Policy editor စတင်ဖို့ OK နှိပ်ပါ။ များသောအားဖြင့် administrator level အကောင့်မြင့်တင်မှု လိုအပ်ပါတယ်။

အဆင့် (၂)

User Configuration > Administrative Templates > Control Panel အတိုင်း သွားပြီး Prohibit access to Control Panel (and PC settings) option ကို နှစ်ချက် နှိပ်ပါ။

အဆင့် (၃)

ဖွင့်လာတဲ့ configuration box ထဲမှာ Not Configured ကနေ Enabled သို့ ပြောင်းလိုက်ရုံပါပဲ။ OK နှိပ်ပြီး Group Policy editor ကို ပိတ်လိုက်ပါ။

ဒီနည်းက Control Panel သို့ ဝင်ခွင့် မရစေရုံမက File Explorer ကနေ ဝင်ရောက်မှုကိုလည်း ဟန့်တားပေးပါတယ်။ 

Ref: TOI 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.