အိမ်ထဲမှာဘယ်တော့မှ ဖိနပ်မစီးသင့်၊ မချွတ်ထားသင့်တဲ့ အကြောင်းရင်းများ

11.png
ကျန်းမာရေးအရဖြစ်စေ၊ တခြားထူးခြားတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့်ဖြစ်စေ အိမ်တွင်းမှာ ဖိနပ်စီးတာကလွဲလို့ ကျန်တဲ့ အခြေအနေတွေမှာတော့ အိမ်ထဲမှာလုံးဝ ဖိနပ်မစီးသင့်ပါဘူးလို့ သိပ္ပံပညာရှုထောင့်က အကြံပြုတင်ပြထားပါတယ်။ လူတွေကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေရှိသလို ပြင်းထန်တဲ့ရောဂါမျိုးစုံ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများစွာလည်းရှိပါတယ်။
 
အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုက ဖိနပ်တစ်ရံရဲ့ အောက်ခြေမှာမတူညီတဲ့ ပိုးမွှားပေါင်း ၄၂၁၀၀၀ ခန့်ရှိတတ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဖိနပ်အားလုံးရဲ့ ၉၆%နီးပါးမှာ အစားအသောက်တွေနဲ့ ရေထဲကိုရောက်ရှိပြီး ပြင်းထန်တဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့မစင်ထဲမှာတွေ့ရလေ့ရှိတဲ့ ဘက်တီးရီးယားတစ်မျိုးကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆုတ်ရောင်ရောဂါ နဲ့အသက်ရှုလမ်းကြောင်းရောဂါတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး ၇ မျိုးကိုလည်းတွေ့ရများကြောင်းသုတေသီတွေကဆိုထားပါတယ်။
 
အဏုဇီဝဗေဒဆိုင်ရာပါမောက္ခKelly Reynolds ကကျွန်တော်တို့ ဖိနပ်နဲ့ နင်းခဲ့တဲ့ ငှက်ချေးတွေ၊ခွေးချေးတွေ နဲ့ အများသုံးသန့်စင်ခန်းကြမ်းပြင်တွေကE.coliလို့ခေါ်တဲ့ ဆိုးရွားတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးရဲ့ ရှင်သန်ရာအဓိကရင်းမြစ်တွေဖြစ်တာကိုတွေ့ရှိခဲ့ပါတယ်။ ပုံမှန် အိမ်သာတစ်လုံးရဲ့ တစ်စတုရန်းလက်မမှာပိုးမွှားပေါင်း ၅၀ လောက်သာရှိတတ်ပေမဲ့ အများသုံးသန့်စင်ခန်းတစ်ခုရဲ့ ကြမ်းပြင်ကတစ်စတုရန်းလက်မမှာပိုးမွှားပေါင်း ၂ သန်းကျော်ရှိပါတယ်။ဒီကြမ်းပြင်မျိုးတွေကိုနင်းဖြတ်လျှောက်လာခဲ့တဲ့ ဖိနပ်တစ်ရံမှာပိုးမွှားပေါင်းများစွာပါလာနိုင်တယ်ဆိုတာအထူးပြောစရာမလိုဘဲသိကြမှာ ဖြစ်ပါတယ်။ နောက်ပြီးဖိနပ်တွေရဲ့ ၃၉ %မှာပဋိဇီဝဆေးတော်တော်များများကိုခုခံနိုင်တဲ့ C.diffဘက်တီးရီးယားကိုတွေ့ရတတ်ပြီးဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ပြင်းထန်တဲ့ ရောဂါ အများအပြားကို ဖြစ်စေနိုင်ပါတယ်။
 
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးသတ်ဆေးတွေ ၊အဆိပ်တွေကိုတက်နင်းလာမိတတ်ခြင်းကလည်းသတိပြုရမယ့် အချက်ပဲဖြစ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရဖိနပ်ကနေတဆင့် နေအိမ်ကြမ်းပြင်ဆီကိုဘက်တီးရီးယားပိုးပေါင်း ၉၀% ကနေ ၉၉ % အထိကူးပြောင်းသွားတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့် ဖိနပ်ကနေတဆင့် ရောဂါပိုးပေါင်းစုံကူးစက်တတ်တာကိုလက်တွေ့ လေ့လာသိရှိခဲ့ကြပါတယ်။
 
ဒါကြောင့် အထူးသတိထားရမှာကတော့ ဖိနပ်တွေကိုအိမ်အတွင်းထဲမှာစီးတာ၊ချွတ်တာတွေ မလုပ်ဘဲအိမ်အပြင်ဘက် တံခါးနားမှာ ဖြစ်စေဖိနပ်များကိုထားသင့်ပါတယ်။မလွှဲမရှောင်သာအိမ်ထဲမှာထားရမည်ဆိုလျှင်လည်းဆပ်ပြာမှုန်၊ပိုးမွှားသန့်စင်ဆေးတို့ဖြင့် ဆေးကြောပြီးမှ ထားသင့်ကြောင်းအကြံပြုတင်ပြထားပါတယ်။
 
Ref:idealist4ever
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.