ပလတ်စတစ်ရေဘူးတွေ အသုံးပြုခြင်းက ခန္ဓာကိုယ် အလေးချိန်တိုးခြင်းကို ဖြစ်ပွားစေနိုင်

your-plastic-bottle-may-be-causing-you-to-gain-weight_1.jpg
လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရပလတ်စတစ်အတွင်းရှိဓာတု ဒြပ်ပေါင်းတစ်မျိုးကဝစေနိုင်သောဆဲလ်များ ကြီးထွားမှုနှင့် ဆက်စပ်နေကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒီထက် ပိုအရေးကြီးတဲ့ တွေ့ရှိမှုကတော့ ပလတ်စတစ်များစွာမှာတွေ့ရှိရတဲ့ BPA သို့မဟုတ် BPS ဒြပ်ပေါင်းကကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဟော်မုန်းတစ်ချို့နဲ့ ဆက်စပ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။
 
ကနေဒါနိုင်ငံရဲ့ သုတေသနစစ်တမ်းတွင် BPA သည် လူတစ်ဦး၏ ဝသေနိုင်သောအဆီဆဲလ်ကိုဖွံ့ဖြိုးစေနိုင်ပြီးဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်တက္ကဆက် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှုအရလည်း BPS ဒြပ်ပေါင်းကဟော်မုန်းများပုံမမှန်ကြီးထွားမှုကို ဖြစ်စေနိုင်ကြောင်းထပ်မံတွေ့ရှိခဲ့ပါတယ်။
 
သုတေသီတွေကအမျိုးသမီးစေတနာ့ ဝန်ထမ်းတွေရဲ့ ပေါင်၊တင်ပါး၊ဝမ်းဗိုက်တွေကဆဲလ်တွေကိုထုတ်ယူပြီးတစ်ဝက်ခန့်ကိုBPA ဒြပ်ပေါင်းနဲ့ နှစ်ပတ်ကြာထိတွေ့စေပြီးစမ်းသပ်ခဲ့ပါတယ်။BPA နဲ့ ထိတွေ့ထားတဲ့ ဆဲလ်တွေမှာအဆီဖွံဖြိုးမှု သိသာစွာပိုမိုများပြားကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီအန္တရာယ်များတဲ့ ဒြပ်ပေါင်းတွေနဲ့ တွေ့ရှိမှုကိုလျော့နည်းစေဖို့ အတွက် နည်းလမ်းတစ်ချို့ကိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
 
အလွယ်တကူရနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေကိုအသုံးမပြုဘဲဖန်၊ကြွေ၊ စတီးစတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးရေထည့်သောက်သုံးသင့်ပါတယ်။ စည်သွပ်ဘူးထဲကအစားအစာတွေကိုအတတ်နိုင်ဆုံးလျှော့ပြီးစားသုံးသင့်ပါတယ်။
မိုက္ကရိုဝေ့ဗ်မီးဖိုထဲမှာပလတ်စတစ်ဘူး၊ခွက်တွေနဲ့ အစာချက်ခြင်း၊နွှေးခြင်းတွေကိုရှောင်ကြဉ်ဖို့လိုပါတယ်။
 
Ref:sheknows
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.