ကြောင်ထက် ခွေးများက သခင်ကို ပိုမို ချစ်ခင်လေ့ရှိ

dog-girl-golden-lake-nature-outdoors-favim_com-50874.jpg
အိမ်မွေးတိရစ္ဆာန်လေးတွေဆီက အချစ်ကို ရချင်တဲ့သူများအဖို့ ကြောင်လေးတွေထက် ခွေးလေးတွေကိုသာ ပိုပြီးမွေးသင့်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနတစ်ခုအရ ခွေးလေးတွေက ကြောင်ထက် သခင်ကို ၅ ဆ ပိုချစ်တာကို တွေ့ရပါတယ်။ BBC  နဲ့ အမေရိကန် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Paul Zak တို့ပူးပေါင်းဆောင်ရွက်တဲ့ လေ့လာမှုမှာ ခွေး ၁၀ ကောင်နဲ့ ကြောင် ၁၀ ကောင်ကို သူတို့ သခင်တွေနဲ့ ၁၀မိနစ်ကြာ မကစားခင်မှာ တံထွေးနမူနာ ယူထားပြီး စစ်ဆေးကြပါတယ်။
 
ကစားပြီးတဲ့ အချိန်မှာလည်း တံထွေးနမူနာယူပြီး အောက်ဆီတိုနင်လို့ ခ်ါတဲ့ အချစ်ဟော်မုန်းကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ တွေ့ရှိမှုအရ ခွေးလေးတွေမှာ အောက်ဆီတိုနင် ပမာဏ ၅၇.၂ ရာခိုင်နှုန်းတိုးနေတာ တွေ့ရပြီး ကြောင်လေးတွေမှာတော့ ၁၂ ရာခိုင်နှုန်းပဲ တိုးတာတွေ့ရပါတယ်။
 
ခွေးလေးတွေမှာ အောက်ဆီတိုနင် ပမာဏ ဒီလောက်မြင့်တက်နေတာကို အရမ်းအံ့အားသင့်မိသလို ဒါက အရမ်းကို အားကောင်းတဲ့ တုန့်ပြန်မှု တစ်ခုပါပဲလို့ Zak က မှတ်ချက်ပေးခဲ့ပါတယ်။
 
Ref:timesofindia.indiatimes
 
131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.