လော့အိန်ဂျလိစ်မှာ ပထမဆုံး ခွေး ကဖေး ဖွင့်လှစ်

chihuahua-624924_1920.jpg
အမေရိကန် ပြည်ထောင်စု ၊ လော့အိန်ဂျလိစ်မြို့  ဟာ ခွေး ချစ်တတ်သူတွေ အလွန်ပေါများတဲ့ မြို့တစ်မြို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် LA မှာ လူထက် ခွေး ပိုများတယ်လို့တောင် စနောက် ပြောဆိုလေ့ရှိကြပါတယ်။ အခုလည်း လော့အိန်ဂျလိစ်မြို့ မှာ ခွေးတွေအတွက် ရည်ရွယ်ဖွင့်လှစ်လိုက်တဲ့ ခွေးကဖေး The Dog Cafe LA ကိုဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။ ထိုခွေးကဖေးမှာတော့ မြို့ တွင်းမှာ ကယ်ဆယ်ထားတဲ့ လမ်းပေါ်က ခွေးပေါင်းမြောက်များစွာကို မွေးစားဖို့အတွက် ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
ကဖေးလို့ ဆိုရလောက်တဲ့ ၀န်ဆောင်မှုတွေလည်း ရှိပါတယ်။ ထို ကဖေးကို ၀င်မယ်ဆိုရင် ဒေါ်လာ ၁၀ ၀င်ကြေး ပေးရပါတယ်။ ပြီးရင်တော့ ကဖေးတစ်ခုမှာ မှာယူစားသောက်နိုင်လေ့ရှိတဲ့ အစားအစာတွေကို မှာယူစားသောက်နိုင်ပြီး ကယ်ဆယ်ထားတဲ့ ခွေးပေါင်းမြောက်များစွာနဲ့ အတူ တစ်နာရီခန့် ဆော့ကစားနိုင်သလို သတ်မှတ်ထားတဲ့ အခန်းတွင်း ၀င်ရောက်ပြီး ထိုခွေးတွေနဲ့လည်း အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ 
 
အခုလို ခွေးတွေ ၊ ကြောင်တွေ နဲ့ အတူ ကော်ဖီ သောက်နိုင်တဲ့ ကဖေးတွေဟာ ကိုရီးယားနိုင်ငံ နဲ့ ဂျပန်နိုင်ငံတို့မှာ ရေပန်းစားခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုမှာ တော့ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်တာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.