အလုပ်မှာ အောင်မြင်ထူးချွန်သူတွေ နေ့တိုင်းလုပ်ဆောင်တတ်ကြတဲ့ အရာ (၁) ခု

fd882d909a39f1dd_ps16_sp_broll_020c.xxxlarge_2x.jpg
သင့်အလုပ်မှာ အောင်မြင်ပျော်ရွှင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် စွမ်းဆောင်ချင်ပါသလား။ တကယ်တော့ ပရော်ဖက်ရှင်နယ်ကျပြီး အလုပ်မှာ ထူးချွန်တဲ့သူတွေ နေ့တိုင်းလုပ်ဆောင်တဲ့အရာကို သင်သိသွားရင် အံ့သြသွားမှာတော့ အသေအချာပါပဲ။ အဲ့ဒါကတော့ တစ်နေ့တာလုံး သူတို့အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် သူတို့အတွက် အချိန်တစ်ခု သီးသန့်အမြဲထားတတ်ခြင်းပါပဲ။
 
လုပ်ခွင်ပြင်ပမှာ သူတို့သဘောကျနှစ်ခြိုက်တဲ့ အရာတွေလုပ်ဆောင်ဖို့ သီးသန့်ချိန်တွေ ထားရှိခြင်းဟာ နေ့စဉ်ဘ၀ကို ပျော်ရွှင်ကျေနပ်စေတဲ့အပြင် တာဝန်ဝတ္တရားတွေနဲ့ ဝေးကွာနေတာကြောင့် စိတ်တွေလွတ်လပ်နေပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ကိုယ့်အတွက် သီးသန့်အချိန်ပေးခြင်း ဟာ  နောက်နေ့တွေမှာ ကိုယ့်အလုပ်ခွင်ထဲ ကိုယ်တာဝန်ယူ ဆောင်ရွက်ရတဲ့ အလုပ်တွေကို အင်နဲ့အားနဲ့ လုပ်ဆောင်နိုင်ဖို့ အားပြန်ဖြည့်ပေးလိုက်သလိုလဲ ဖြစ်နေပြန်ပါတယ်။ အဆုံးသတ်ကတော့ ခုလိုလုပ်ဆောင်ခြင်းဟာ သင့်အလုပ်မှာ ပိုအာရုံစိုက်စေသလို ပိုလည်း ထူးချွန်အောင်မြင်လာစေတာပါပဲ။
 
အချိန်အအားထားပြီး ကိုယ့်အတွက် ကိုယ်ကြိုက်တာတွေ လုပ်ဆောင်ခြင်းကခုလို ဖြစ်စေတယ်ဆိုတာ ဟုတ်ပါ့မလားလို့ ထင်ပါလိမ့်မယ်။ ဒါဟာ တကယ်ကို အကျိုးဖြစ်ထွန်းစေတာပါ။ သင်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အလုပ်ချိန်မတိုင်ခင်၊ ဒါမှမဟုတ် အလုပ်ချိန်အပြီး စသဖြင့် တစ်ပတ်မှာ ဘယ်နှစ်ရက်၊ နေ့တိုင်း၊ စသဖြင့် သေချာသတ်မှတ်လုပ်ဆောင်ဖို့တော့ လိုပါတယ်။ သင်ဝါသနာပါတယ်ဆိုတာမျိုးက သင်အားကစားလုပ်တာမျိုး ဖြစ်ချင်ဖြစ်မယ်၊ အချက်အပြုတ်သင်တန်းတက်တာမျိုး ဖြစ်ချင်ဖြစ်မယ်၊ သင်စိတ်ကြိုက် အခန်းအလှဆင်တာ၊ အကျီဒီဇိုင်းသင်တန်းတက်တာ စတာတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။
 
တစ်ပတ်မှာ အနည်းဆုံးသုံးရက်လောက် ကိုယ်လုပ်ချင်တဲ့၊ ၀ါသနာပါတဲ့အရာတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင်ဟာ ရုံးတွင်းအချိန်တွေရော၊ ပြင်ပချိန်တွေမှာပါ စိတ်တွေရွှင်လန်းတက်ကြွနေပါလိမ့်မယ်။ အလုပ်တွေကိုလည်း ပြီးမြောက်အောင် ပိုမိုစွမ်းဆောင်နိုင်တာ တအံ့တသြတွေ့ရမှာမို့ ကိုယ့်ဝါသနာအတွက် သီးသန့်အချိန်လေး ဖန်တီးလိုက်ပါတော့လို့။
 
Ref:popsugar
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.