ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဖက်ရှင်များ

popular-fashion-trends-affect-health-skinny-jeans.jpg

ဖက်ရှင်ဟာ စိတ်ပျော်ရွှင်စရာဖြစ်နိုင်ပေမယ့် ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ မကြာသေးမီလေ့လာမှုက အသားကပ်ဂျင်းဘောင်းဘီတွေဟာ အာရုံကြောပျက်စီးမှု ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြခဲ့ပါတယ်။ သင်ဝတ်နေတဲ့ ဘယ်ဖက်ရှင်တွေ ဘေးအန္တရာယ်ဖြစ်စေနေလဲဆိုတာ စူးစမ်းကြည့်ပါ။

၁။ စကင်ဂျင်းဘောင်းဘီများ (အသားကပ်ဂျင်းဘောင်းဘီ)

TIME မှ ဖော်ပြခဲ့သလိုပဲ Journal of Neurology, Neurosurgery and Psychiatry မှာ ပုံနှိပ်ဖော်ပြထားတဲ့ သတင်းတစ်ခုက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး စကင်ဂျင်းဘောင်းဘီဝတ်ဆင်နေရင်း ခြေထောက်တွေ ထုံကျင်သွားကြောင်း သိရပါတယ်။ သူမခြေထောက်နဲ့ ခြေချင်းဝတ်တွေ ရောင်ကိုင်းလာလို့ အရေးပေါ်ဌာနက ၀န်ထမ်းတွေက သူမရဲ့ ဂျင်းဘောင်းဘီကို ဖြတ်ထုတ်ပစ်ခဲ့ရပါတယ်။ သူမခြေချင်းဝတ်နဲ့ ခြေမတွေ အားနည်းခဲ့ပေမယ့် ဒူးဆစ်နဲ့ တင်ပါးဆုံအပါအဝင် တခြားခြေထောက် အစိတ်အပိုင်းတွေ ပုံမှန်အလုပ် လုပ်တယ်လို့ Alice Park က ရေးသားဖော်ပြခဲ့ပါတယ်။ တင်းကြပ်တဲ့ ဘောင်းဘီ အန္တရာယ်ကို ၁၉၉၃ ကတည်းက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ သတိထားမိခဲ့တာပါ။ အမျိုးသားတွေလည်း ဗိုက်အောင့်တဲ့ ရောဂါလက္ခဏာတွေ ခံစားလာရပြီးနောက် အလုပ်သင်ဆရာဝန် Dr. Octavia Bessa ဟာ "tight-pants syndrome" ခေါ် "ဘောင်းဘီကြပ်ရောဂါ" ဆိုတဲ့ ဝေါဟာရ ထွင်ခဲ့ပါတယ်။ အမျိုးသားတွေလည်း ဘောင်းဘီချောင်ချောင်လေးတွေ ဝတ်ဖို့ လိုအပ်ပါတယ်။ လတ်တလောအချိန်မှာတော့ ဘောင်းဘီအကြပ်တွေ အမျိုးသားရော၊ အမျိုးသမီးတွေကြားမှာပါ ဖက်ရှင်တစ်ခုအဖြစ် ခေတ်စားနေပါတယ်။

၂။ ဒေါက်မြင့်ဖိနပ်

ခြေထောက်ပိုင်းဆိုင်ရာ ဆရာဝန်တွေက ရှူးဖိနပ်မြင့်လေ၊ ခြေရိုးဆစ်တွေ ရှေ့ဇွတ်တိုးစေလေဖြစ်ပြီး နာကျင်မှုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

၂။ ကိုယ်လုံးလှ အတွင်းခံဘောင်းဘီ

ကိုယ်အလေးချိန် ညှစ်ထုတ်ဖို့ ကိုယ်လုံးလှ အတွင်းခံဘောင်းဘီဝတ်ခြင်းပါပဲ။ ဒီဖြစ်စဉ်က အလုပ်ဖြစ်မဖြစ် သက်သေအထောက်အထားတွေ မရှိပေမယ့် ကိုယ်လုံးလှ အတွင်းခံဘောင်းဘီဝတ်ဆင်တာ နာကျင်မှုဖြစ်စေနိုင်တယ် အသက်ရှူ ခက်ခဲစေပြီး နံရိုးထိခိုက်မှု ဖြစ်နိုင်ခြေရှိကြောင်း ကျွမ်းကျင်ပညာရှင်တချို့အဆိုအရ သိရပါတယ်။

၎။ ခန္ဓာကိုယ် အပေါက်ဖောက်ခြင်း (body piercings)

ဘက်တီးရီးယားကူးစက်မှု ၂၀% ဟာ body piercings နဲ့ ပတ်သက်နေတာလို့ 2012 Northwestern University လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ ဖြစ်နိုင်တဲ့ တခြားကိစ္စရပ်တွေမှာ ဆေးကုသမှုဇွတ်လုပ်ခြင်းနဲ့ ဓာတ်မတည့်ခြင်းစတဲ့ အရာတွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အပေါက်ဖောက်တဲ့အခါ သင့်တော်ကောင်းမွန်တဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုခြင်းနဲ့ သန့်ရှင်းအောင် ထိန်းသိမ်းနည်းတွေ သိရှိခြင်းက ပြသနာတွေ ကာကွယ်ပေးနိုင်ပါတယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.