ကျန်းမာတဲ့ ချစ်သူစုံတွဲဖြစ်ချင်တယ်ဆိုရင်

signs-she-serious-about-you.jpg
လက်တွဲဖော် နှစ်ဦးအနက် တစ်ဦးဦး ဖျားနာတဲ့အခါ ကျန်လက်တွဲဖော် တစ်ဦးလည်း ဖျားနာနေတဲ့သူဆီက ရာဂါပိုးကူးစက်ဖို့ အခွင့်အလမ်း အင်မတန်များပါတယ်။ ဒါကြောင့် ကိုယ်ခံအား စနစ်ကောင်းမွန်နေဖို့ အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဖျားနာမှုနည်းပါးပြီး ပျော်ရွှင်ရတဲ့ ချစ်သူစုံတွဲတွေဖြစ်ဖို့ သိထားရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
 
(၁) ကြက်သွန်ဖြူကို အစိမ်း စားပါ။ 
 
ဆေးဘက်ဆိုင်ရာ သက်သေ အထောက်အထားများအရ သဘာဝ အင်တီအောက်စီဒင်းနဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူကို allicin ခေါ် အစွမ်းထက်သော ပါဝင်ပစ္စည်းကြောင့် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ သို့သော် ကြက်သွန်ဖြူ စားသူများအနက် ၇၀% မှာ ခံတွင်း ကြက်သွန်ဖြူနံ့ စွဲကြပါတယ်။ တခါတလေ အဲဒီအနံ့ကို သင့်လက်တွဲဖော် နှာခေါင်းရှုံ့တတ်ပါတယ်။ အနံ့ဖျောက်ဖို့ တရုတ်နံနံစားပေးနိုင်ပါတယ်။ ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပါတယ်။
 
(၂) ရေအေးနဲ့ ရေချိုးပါ။
 
ရေအေးနဲ့ရေချိုးတာဟာ ကပ္ပယ်အိမ်ကို စေ့ဆော်ပေးကာ အမျိုးသားသုတ်ရည် ပိုထုတ်လုပ်စေတယ်လို့ UK မှ လေ့လာမှုအတစ်ခုက ဖော်ပြထားပါတယ်။ သို့ပေမယ့် အဲဒါဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကြောင်းအရင်းတော့ မဟုတ်သေးပါဘူး။ ရေအေးနဲ့ ရေချိုးတာဟာ သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်၊ ဒါ့အပြင် အရေပြား ကြံ့ခိုင်စေပြီး အရေးကြီးဆုံးက ကိုယ်ခံစားစနစ် တိုးမြင့်ပေးပါတယ်။
 
(၃) ဟင်းခတ်အမွှေးကြိုင်များ အသုံးပြုပါ။
 
ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးကြိုင်တို့မှာ သဘာဝ ဗီတာမင်ဓာတ်နဲ့ ဖြည့်စွက် အစာတွေဖြစ်ပါတယ်။ ငရုတ်ကောင်းမုန့်က ကျန်းမာရေးကို ပိုကောင်းစေပြီး vitamin နဲ့ carotenoid တွေကြွယ်ဝပါတယ်။ သစ်ကြမ်းပိုးခေါက်မှာ သဘာဝ ပိုးသတ်ဆေးအစွမ်းသတ္တိ ပါဝင်တယ်လို့ ဆိုပါတယ်။ နနွင်းဟာ သဘာဝ အင်တီဆပ်တစ်နဲ့ ပိုးသတ်ဆေးအပြင် သဘာဝအကိုက်အခဲပျောက်ဆေး တစ်ခုလည်း ဖြစ်ပါတယ်။
 
(၄) တစ်မှေးအိပ်ပါ။
 
အအိပ်နဲ့ ပတ်သက်ရင် ကျွန်ုပ်တို့အများစု အယူလွဲမှားကြပါတယ်။ ည ၇နာရီခွဲကနေ ရေတွက်ကြည့်ရင် ၈ နာရီကြာ အိပ်ပေးရမယ်လို့ ကျွန်ုပ်တို့ သိထားကြပါတယ်။ တကယ်တော့ ၂၄ နာရီအတွင်း အဲဒီလောက်ကြာအောင် အိပ်ပေးရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ နေ့ဘက် တစ်မှေးအိပ်တဲ့ အလုပ်သမားတွေဟာ မအိပ်သူတွေထက် အလုပ်လုပ်နိုင်စွမ်း ပိုရှိကြတယ်လို့ မကြာသေးမီက လေ့လာမှုတွေအရ သိရပါတယ်။
 
Ref:ourtango
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.