ရိုးမားကွင်းလယ်ကစားသမား စထရောက်မန်း မန်ယူရောက်နိုင်ဟု အက်ဗိုဂတ် အရိပ်အမြွတ်ပြောလာခဲ့

news_b4.jpg

ယခုနှစ်ဘောလုံးရာသီတွင် စီးရီးအေကလပ်အသင်း ရိုးမားအတွက် အထူးခြေစွမ်းပြလျက်ရှိသော နယ်သာလန် လက်ရွေးစင်ကွင်းလယ်ကစားသမား ကယ်ဗင်စထရောက်မန်းမှာ မန်ယူကဲ့သို့သော အသင်းကြီးများတွင် ကစား နိုင်သည့် အနေအထားမျိုးရှိနေပြီဖြစ်ကြောင်း ယခင် ပီအက်စ်ဗွီနည်းပြဟောင်း အက်ဗိုဂတ်ကပြောလာခဲ့သည်။ ပြီးခဲ့သည့် နွေရာသီဈေးကွက်ထဲတွင် မန်ယူမှာ စထရောက်မန်းအား ခေါ်ယူရန် ကြိုးစားခဲ့ဖူးသေးပြီး ရိုးမားက သာခေါ်ယူခွင့်ရသွားခဲ့ခြင်းဖြစ်သည်။ “စထရောက်မန်းက တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့ ကစားသ မားမျိုးဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြီးခဲ့တဲ့ဈေးကွက်အတွင်းမှာ အသင်းကြီးတစ်သင်းသင်းဆီကို သူ မပြောင်းဖြစ်ခဲ့ဘဲ အနည်းငယ်နိမ့်တဲ့အသင်းဆီရောက်ခဲ့တာက အံ့အားသင့်စရာပါပဲ။ ဒါပေမယ့် ရိုးမားမှာ သူအ ကြာကြီးနေဖြစ်မယ် မထင်ပါဘူး။ သူအခုပြသနေတဲ့ ခြေစွမ်းမျိုးနဲ့သာဆိုရင် မန်ယူလိုအသင်းမှာ ကစားဖို့အတွက် အသင့်ဖြစ်နေပါပြီ”ဟု  ပီအက်စ်ဗွီတွင် စထရောက်မန်းနှင့် လက်တွဲခဲ့ပြီး ယခုမူ အေဇက်အဲလ်ခမာအသင်းအား ကိုင်တွယ်နေပြီဖြစ်သော အက်ဗိုဂတ်က ပြောခဲ့သည်။

စထရောက်မန်းမှာ ကွင်းလယ်တွင် စိုးမိုးကစားနိုင်စွမ်းမြင့်မားခြင်း၊ ဖျက်ထုတ်မှုများပြုလုပ်ရာတွင် ခက်ထန်ကြမ်း တမ်းလွန်းခြင်းတို့ကြောင့် နယ်သာလန်ရွိုင်ကိန်းဟု တင်စားခေါ်ဝေါ်ခံထားရသူဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.