အလုပ် အင်တာဗျူးမှာ ဘယ်သောအခါမှ မပြောသင့်တဲ့ စကား

ij-job-interview.jpg
အလုပ်အင်တာဗျူးဆိုတာ အရမ်းကို လှည့်စားမှုများတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ပုံ၊ အရည်အချင်းရှိတဲ့ပုံနဲ့ ပညာတတ်တစ်ယောက်ပုံစံ ပေါ်ချင်ကြသလို အလုပ်ရှင်ဘက်က အလုပ်ခန့်ချင်စိတ် ပေါ်လာအောင် လည်း ကြိုးစားလိုကြပါတယ်။ အင်တာဗျူးနေတဲ့ အချိန်အတွင်း စိတ်ကို အေးအေးထားပြီး ယုံကြည်မှုရှိဖို့က အရမ်းအရေးကြီးပါတယ်။
 
ရုတ်တရက် မေးတဲ့ မေးခွန်းတွေကို ဖြေရတာက စိတ်ဖိစီးစရာ အကြောင်းပါ။ အလုပ်ခန့်မယ့်သူရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ခေါင်းကနေ ခြေထောက်အထိ အဝတ်အစား၊ ဆံပင်ပုံစံနဲ့ ဖိနပ်အဆုံး ဂရုတစိုက် ရွေးချယ်ပြင်ဆင်ခဲ့ရပါတယ်။
 
အင်တာဗျူးတဲ့သူမေးသမျှ လုပ်ငန်းဆိုင်ရာမေးခွန်းရော ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို လက်ငင်း အဖြေပေးနိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ လူအများစု မှားတတ်လေ့ရှိတဲ့ အရာကတော့ အခက်ခဲဆုံးလို့ ယူဆထားတဲ့ အင်တာဗျူးမေးသူရဲ့ မေးခွန်း အမျိုးစုံကို ဖြေပြီးတဲ့ အခါမှာ သူက ဘာမေးစရာရှိသေးလဲလို့ မေးပါလိမ့်မယ်။
 
ဘာမှ မေးစရာ မရှိပါဘူးလို့ ပြန်ပြောခဲ့ရင်တော့ ဒါက အဆိုးဆုံး အဖြေဖြစ်သွားပါလိမ့်မယ်။ သိချင်စိတ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်က စိတ်ဝင်စားမှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နိုင်လို့ပါ။ အလုပ်ကို စိတ်မဝင်စားတဲ့ လူတစ်ယောက်ကို ဘယ်လို အလုပ်ရှင်ကမှ ခန့်ဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ် အင်တာဗျူးဝင်တဲ့အခါမှာ ဘယ်သောအခါမှ “ ဘာမှ မေးစရာ မရှိပါဘူး” လို့ မဖြေပါနဲ့။
 
Ref:shefinds
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.