အိမ်စာလုပ်ခြင်းက ကလေးတွေအတွက် အကျိုးမပြုဘဲ ပျက်စီးစေဖို့သာ ဖြစ်စေနိုင်

1200x600_1.jpg
Duke university မှ သုတေသီတွေက အိမ်စာလုပ်ခြင်းက ကလေးတွေအတွက် ဘာကောင်းကျိုးမှ မပေးနိုင်ကြောင်း သက်သေပြခဲ့ကြပြီး အထက်တန်းကျောင်း မရောက်မီအထိ အိမ်စာ လုပ်ခြင်းကို တားမြစ်ဖို့ အကြံပြုခဲ့ကြပါတယ်။
ဒီနေ့ခေတ် ကလေးငယ်တွေက သင်ခန်းစာတွေကြားမှာ တစ်နေ့ကို ၈ နာရီခန့် အချိန်ကုန်နေကြရပြီး အရင်ခေတ်က ကလေးငယ်တွေထက် ပိုပြီး အိမ်စာများတာကို တွေ့ရပါတယ်။ အိမ်စာလုပ်တဲ့အတွက် အကျိုးရှိနိုင်တဲ့ အသက်အရွယ် အပိုင်းအခြား သက်သက် ရှိပါတယ်။
 
သုတေသနအဖွဲ့ခေါင်းဆောင် Harris Cooper က လေ့လာမှုပေါင်း ၁၈၀ ကျော်လုပ်ခဲ့ပြီး တွေ့ရှိခဲ့တာကတော့ မူလတန်းအရွယ်မှာ အိမ်စာလုပ်တဲ့အတွက် မှတ်သားဥာဏ်နဲ့ အောင်မြင်မှုရဖို့လိုအပ်တဲ့  အချက်အလက်တွေ မရရှိနိုင်ပါဘူး၊အလယ်တန်းကျောင်းအရွယ်မှာလည်း အိမ်စာက ထူးပြီး အကျိုးသက်ရောက်မှု မရှိပါဘူ။အထက်တန်းကျောင်းသား အရွယ်တွေမှာပဲ အိမ်စာက ကောင်းကျိုးပြုနိုင်တာ တွေ့ရပါတယ်။
 
အိမ်စာကို အတင်းအကြပ်လုပ်ခိုင်းရတဲ့ မိဘတွေအတွက်ရော သားသမီးတွေအတွက်ပါ စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ကလေးငယ်တွေအနေနဲ့ အိမ်စာလုပ်ရချိန်လျော့နည်းသွားမယ်ဆိုရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေရနိုင်သလို ဝါသနာပါရာ တစ်ခုခုကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
 
Cooper က အိမ်စာလုပ်ရမယ်ဆိုလျှင်လည်း သူငယ်တန်း ကလေးတွေအတွက် အများဆုံး ၁၀ မိနစ်၊၁တန်း ကလေးတွေအတွက် မိနစ် ၂၀ စသည်ဖြင့် သတ်မှတ်ထားသင့်တယ်လို့ ဆိုပါတယ်။အိမ်စာလုပ်ချိန်လျော့နည်းသွားတဲ့အတွက် အပိုထွက်လာတဲ့အချိန်မှာ ကလေးတွေကို တာဝန်သိစိတ်၊တာဝန်ယူလိုစိတ်တွေကို သင်ပြပေးနိုင်ရင် ပိုပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။
 
Ref:higherperspectives
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.