နုပျိုလှပစေတဲ့ အစားအစာ ၅ မျိုး

sweet_potatoes.jpg.653x0_q80_crop-smart.jpg
လူတိုင်းလိုလို ကိုယ်အသက်အရွက်ထက် ပိုမိုနုပျိုလှပချင်ကြပါတယ်။ ရုပ်ပြင်ခွဲစိတ်ခြင်း၊ ဈေးကြီးတဲ့ အလှအပပစ္စည်းလေး တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်ယူပြင်ဆင်သူတွေထက်မနိမ့်ဘဲ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့နုပျိုလှပမှုများကို ရရှိနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ 
 
အသားအရေလင်းလက်တောက်ပစေတဲ့ အစားအစာများ
 
အသားအရေဝင်းလက်လာစေဖို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုပေးထားတဲ့အစားအစာများမှာ –
 
၁။ ကန်စွန်းဥ 
 
လိမ္မော်ရောင်ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘီတာကရိုတိန်းဓါတ် (beta-carotene) အမြောက်အမြား ပါဝင်ပါတယ်။ဘီတာကရိုတိန်းဓါတ်ဟာ အရေပြားပေါ်မှရေဓါတ်ကို ထိန်းညှိပေးပါတယ်။ အဲဒီဓါတ်ဟာ အရေပြားခြောက်သွေ့မွဲခြောက်ခြင်းက ကာကွယ်ပေးပြီး အရေးပြားကို ပြန်လည်ဝင်းလက်စေပါတယ်။ ကန်စွန်းဥပုံမှန်စားသုံးပါက ပိုမိုနုပျိုပြီး အိစက်ညက်ညောတဲ့အသားအရေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
 
၂။ ဆော်လမွန်ငါး
 
ဆော်လမွန်ငါးမှာ အသားအရောင်ကိုပန်းနုရောင်သန်းစေတဲ့ astaksantin ဓါတ်ပါဝင်ပါတယ်။ အဲဒီဓါတ်က ကလပ်စည်းအမြှေးပါးများနှင့် DNA ကိုပျက်စီးစေပြီး အရေပြားကိုအိုမင်းရင့်ရော်စေတဲ့ လူကိုဘေးဥပါဒ်ဖြစ်စေသော free radicals မော်လီကျူးများကို တိုက်ထုတ်ချေမှုန်းပေးတယ်။ ဆော်လမွန်ငါးများကို ၅ ရက်တကြိမ်စားသုံးခြင်းဖြင့် နေရောင်ခြည်ဒါဏ်ကြောင့်အရေပြားခြောက်သွေ့ပွန်းပဲ့နာ(actinic keratosis) ၊ အရေပြားမှဲ့ခြောက်နာ၊ အရေပြား အစက်အပြောက်ရောဂါ၊ အသားအရေကြမ်းတမ်းတဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။
 
၃။ ခရမ်းချဉ်သီး
 
ခရမ်းချဉ်သီးမှာ နေရောင်ခြည်ကြောင်းအရေပြားပျက်စီးမှုမှ ကာကွယ်ပေးတဲ့ အန်တီအောက်ဆီဒန့် လိုင်ကိုပင်း (lycopene) ဓါတ် ပါဝင်ပါတယ်။ လိုင်ကိုပင်းဓါတ် ခန္ဓာကိုယ်ထဲသို့အပြည့်အဝရောက်စေဖို့ ခရမ်းချဉ်သီးကို ရေနှင့်အနည်းငယ်ကြိုရပြီး သံလွင်ဆီနှင့်တွဲစားပါ။ 
 
၎။ လိမ္မော်သီး
 
လိမ္မော်သီးမှာဗီတာမင် စီ အမြောက်အများပါဝင်ပါတယ်။ ဗီတာမင် စီ ဟာ အသားဓါတ် ကိုလဂျန်ဓါတ်(collagen) ပြည့်ဝစေပြီး အရေပြားကိုနုပျိုလှပချောမွေ့စေပါတယ်။ ဒါအပြင် ရှောက်ချဉ်သီးမှာလည်း ဆဲလ်များသေကြေခြင်းနှင့် ခရမ်းလွန်နေရောင်ခြည်ဒါဏ်ထိတွေမှုကြောင်း အသားအရေပျက်စီမှုက ကာကွယ်ပေးပါတယ်။
 
၅။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
 
ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ အသားအရေရောင်ရမ်းခြင်းနှင့် ရေရောင်ခြည်ကြောင်း အသားအရောင်ညှိမည်းခြင်းဒါဏ်မှကာကွယ်ပေးတဲ့ လူတိန်းဓါတ် (lutein) ပါဝင်ပါတယ်။ 
အရေပြားရောဂါဗေဒ ပညာရှင် Nicholas Perricone ပြောဆိုချက်အရ အစားအစာရဲ့အာနိသင်ဟာ အရေပြား ကျန်းမာရေးအတွက် တခြာဖြည့်စွက်အဟာရထက် ပိုမိုအစွမ်းရှိပါတယ်လို့ ပြောဆိုထားပါတယ်။
 
Ref:articlesofhealthcare
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.