သင်္ကြန်အားလပ်ရက်အတွင်း အိမ်မှာ ပျော်ရွှင်အောင် ဘယ်လိုနေမလဲ

watching-tv-as-top-pastime.jpg
သင်္ကြန်ရက်ရှည်အားလပ်ရက်တွေအတွင်းမှာ သင်္ကြန်မှာကဲဖို့ အစီအစဉ်လည်း မရှိ၊  မိသားစုလိုက် ခရီးထွက်ဖို့ အစီအစဉ်လည်း မရှိတဲ့သူတွေအတွက်တော့ အိမ်မှာ နေရတာ ပျင်းစရာကောင်းတယ်လို့ ထင်ကြမှာပါ။ ဒါပေမဲ့ ကိုယ့်အိမ်ထဲမှာပဲနေပြီး ပျော်အောင်လုပ်နိုင်မယ့် နည်းတွေကို ပြောပြပေးချင်ပါတယ်။
 
၁။ကိုယ်လုပ်ဖို့ လိုအပ်တဲ့အရာတွေကို စဉ်းစားပါ။
 
ဒါက သိပ်ပျော်စရာကောင်းတဲ့ အလုပ်တော့ မဖြစ်နိုင်ပေမဲ့ နောက်မှ စိတ်ပူပင်ရမယ့် အရာတွေ ရှိမနေစေဖို့ပဲ ဖြစ်ပါတယ်။ အခန်းရှင်းတာတို့၊ ရုံး အလုပ်အကြွေးတွေ၊ အိမ်စာတွေလို လုပ်ရမယ့် အရာတွေကို အရင်ပြီးအောင် လုပ်လိုက်ပါ။လုပ်တဲ့အခါ ကိုယ်ကြိုက်တဲ့ သီချင်းလေးဖွင့်ပြီး ဖြစ်ဖြစ်လုပ်လိုက်ပါ။ ဒါဆို သိပ်ပြီး မဆိုးနိုင်တော့ပါဘူး။
 
၂။ကိုယ် လုပ်ချင်နေခဲ့တဲ့ အရာတွေကို လုပ်ပါ။
 
ကျောင်းတွေ၊ အလုပ်တွေက ကိုယ့်ရဲ့ အားလပ်ချိန် အများစုကို ယူထားတဲ့အတွက် အခုချိန်မှာတော့ ကိုယ့်အတွက် ကိုယ်လုပ်ချင်တာကို လုပ်ဖို့ အကောင်းဆုံး အခွင့်အရေးရတာပဲ ဖြစ်ပါတယ်။ဂိမ်းကစားတာ ၊စန္ဒယားတီးရင်း သီချင်းသစ်တစ်ပုဒ်တီးတာ ဖြစ်ဖြစ် ကိုယ်ဝါသနာပါရာလေးတွေအတွက် အချိန်ပေးနိုင်ပါတယ်။
 
၃။မိသားစုနဲ့ အတူ အချိန်တွေ ကုန်ဆုံးလိုက်ပါ။
 
ကိုယ့်ဘဝရဲ့ ပြန်အစားထိုးလို့ မရနိုင်တဲ့ မိသားစုတွေနဲ့ အတူ ရုပ်ရှင် အတူကြည့်တာ၊ စားစရာ တစ်ခုခု ချက်စားတာမျိုးတွေလုပ်ပါ။ ဒီလိုအချိန်မှာ မိသားစုဘဝရဲ့ နွေးထွေးမှုကို ပြည့်ပြည့်ဝဝ ခံစားပြီး ဘဝ အမောတွေကို ဖြေဖျောက်နိုင်မယ့် အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
 
၎။ကိုယ့်မှာ အားလပ်ချိန်ရှိတုန်း ကိုယ်အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့  ပျော်အောင်နေပါ။
 
ကိုယ့်အချစ်တော် ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်ပေးတာမျိုး၊ ကိုယ့်ကြောင်လေးနဲ့ အချိန်ပေးပြီး ဆော့ပေးတာမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်။
 
၅။အရေးကြီးဆုံးကတော့ ကိုယ်တစ်ယောက်တည်း အနားယူဖို့ သီးသန့် အချိန်လေးတစ်ခု ဖန်တီးပါ။
 
ဒီလို အချိန်မှာ အင်တာနက်တွေ၊အီးမေးတွေ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေလို နည်းပညာပစ္စည်းတွေနဲ့ ဝေးဝေးနေပြီး  အပန်းဖြေကြည့်ပါ။စိတ်ရဲ့ စေစားရာကို လိုက်ပြီး အတွေးနယ်ချဲ့တာမျိုး၊ စာရေးတာ၊ စာဖတ်တာ၊ပန်းချီဆွဲတာတွေလို စိတ်အာဟာရဖြစ်စေမဲ့ အရာတွေကို လုပ်ကြည့်နိုင်ပါတယ်။
 
Ref:wikihow
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.