ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေးအတွက် အသက်ပေးရန်ပင် အသင့်ရှိကြောင့် ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ့်ပြော

news_a4.jpg

ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲပထမအကျော့တွင် ယူကရိန်းအသင်းအား အဝေးကွင်းတွင် (၂)ဂိုးပြတ်အရေး နိမ့်ခဲ့ပြီးနောက် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် ပြင်သစ်အနေဖြင့် (၃)ဂိုးပြတ်အနိုင်ကစားမှ ဘရာဇီးလ်သို့ သွားရောက်ခွင့်ရရှိတော့မည်ဖြစ်သည်။ ထိုပွဲအတွက် အလွန်ပင် စိတ်အားထက်သန်နေသလို ယူကရိန်းမြေတွင် ကျဆင်းခဲ့ရသော သိက္ခာများကို အဖတ်ပြန်ဆယ်လိုနေသည့် ပြင်သစ်နှင့် အာဆင်နယ်တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်က ခြေစစ်ပွဲအောင်မြင်ရေးအတွက်ဆိုလျှင် မိမိအသက်သေသွားမည်ဆိုလည်း ပေးဆပ်သွားမည်ဖြစ် ကြောင်း ပြောလာခဲ့သည်။ “ ဘရာဇီးလ်ကိုရောက်ဖို့အတွက် ကွင်းထဲမှာသေချင်သေသွားပါစေ။ ကြိုးစားသွားဖို့ ကျွန်တော်တို့အားလုံး စိတ်ဆုံးဖြတ်ထားပြီးပါပြီ။  ပြင်သစ်နိုင်ငံသားတွေနဲ့ ကျွန်တော်တို့ကိုကိုယ်တိုင်ကို ပြင်သစ် ၀တ်စုံဆင်မြန်းရတာဟာ ဂုဏ်ယူစရာဖြစ်တယ်ဆိုတာကို သက်သေပြရပါလိမ့်မယ်။ ကျွန်တော်တို့ကို ချစ်တဲ့၊အား ပေးတဲ့ပရိသတ်ကြီးအတွက် ကြိုးစားကြရမှာပါ။ ယူကရိန်းဟာ ကျွန်တော်တို့ကို ခက်ခဲစေဦးမှာမှန်ပေမယ့် ဒီနေ့ အချိန်ထိ ဘရာဇီးလ်ကိုသွားခွင့်မရနိုင်ဘူးဆိုတဲ့အတွေးမျိုးမ၀င်မိသေးပါဘူး”ဟု ဂီရော့ဒ်ပြောခဲ့သည်။

ပဲရစ်မြို့တွင် ကစားရမည့် ဒုတိယအကျော့ပွဲစဉ်အတွက် ပထမအကျော့တွင် အထုတ်ခံခဲ့ရသည့် နောက်ခံလူကို ဆီရယ်နီပါဝင်မည်မဟုတ်သဖြင့် ပြင်သစ်ခံစစ်အတွက် အနည်းနှင့်အများဆိုသလို အင်အားလျော့နည်းသွားစေ မည်ကတော့ အမှန်ပင်ဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.