လက်ချောင်းပေါ်ပေါက်တဲ့ ကြွက်နို့၊ အသားမာတွေ အလွယ်ဆုံး ဖယ်ရှားမယ်

3b1b521c-d396-4a03-9930-4b325664499d.png

ကြွက်နို့၊ အသားမာတွေကို ဖယ်ရှားပြီးနောက် သို့မဟုတ် သူ့အလိုလျောက် ပျောက်သွားပြီးတဲ့နောက် ပြန်ပြန် ပေါ်လာတတ်ပါတယ်။ ကြွက်နို့၊ အသားမာတွေကို သဘာဝအလျောက် ဖယ်ရှားပေးမယ့် ရှေးခေတ်ဆေးနည်းတွေ ရှိပါတယ်။

 

ပါဝင်ပစ္စည်းများ

ရှာလကာရည် ၁၀၀ မီလီလီတာ 

သံပုယိုသီး () လုံးရဲ့ အခွံ

 

လုပ်ထုံးလုပ်နည်း

သံပုယိုသီးခွံတွေကို နုပ်နုပ်စဉ်း သိုမဟုတ် ခြစ်ထုတ်ပါ။ ပါဝင်ပစ္စည်းအားလုံး ရောစပ်ပြီး အလုံပိတ်ဖန်ဗူး () ခုထဲ ထည့်သိမ်းထားပါ။ အဲဒီအရည်နဲ့ ကြွက်နို့၊ အသားမာကို တစ်ရက် အကြိမ်အနည်းငယ် လိမ်းကျံကုသပေးရပါမယ်။ ရက် အနည်းငယ်အတွင်း ကြွက်နို့၊ အသားမာတွေ ခြောက်သွေ့ပြီး ကွာကျလာပါလိမ့်မယ်။

 

ကြက်ဥခွံသုံး ဖယ်ရှားနည်း

ဒီဆေးနည်း ပြင်ဆင်ဖော်စပ်ဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ ကြက်ဥ () နှစ်၊ ဂွမ်းဖတ်နဲ့ ပတ်တီး (သို့) အနာကပ် လိုအပ်ပါလိမ့်မယ်။ အသားကင်စက်ကို ၂၅၀ ဒီဂရီ ဖွင့်၊ ကြက်ဥခွံတွေ ထည့်ထားပြီး နာရီဝက်ခန့် မီးကင်ပေးပါ။ ကြက်ဥခွံတွေ အေးပြီဆိုတာနဲ့ နုပ်နုပ်စဉ်း (သို့) အမှုန့်ဖြစ်အောင် ချေပါ။ ကြက်ဥခွံမှရတဲ့ ယင်းအမှုန့်ကို ဖန်ဗူးထဲ အဖုံးပိတ် သိမ်းထားပါ။

 

အသုံးပြုပုံ

ယင်းအမှုန့်ကို ကြွက်နို့၊ အသားမာ ပေါ်တင်၊ ဂွမ်းနဲ့ အုပ်ပြီး အနာကပ်နဲ့ ကပ်ပေးပါ။ အဲဒီတိုင်း ၂ ၃ ပတ်ကြာ သုံးရက် တစ်ကြိမ်ပြန်ပြန်လဲပေးပါ။

 

Ref:goodmorningcenter

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.