လျစ်လျူရှုမိနိုင်တဲ့ ကျောက်ကပ်ရောဂါ လက္ခဏာများ

1-cup-per-day-melts-1-cm-of-stomach-fat-away117.jpg
ခန္ဓာကိုယ်မှာကျောက်ကပ်ရဲ့ တာဝန်ကသွေးထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ ကျောက်ကပ်လှုပ်ရှားမှု မမှန်ကန်တော့တဲ့အခါ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။ ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတွေ ပြနေပေမဲ့ သတိမပြုမိတာတွေရှိတတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကိုစောစီးစွာသတိပြုမိစေနိုင်ဖို့ သိထားသင့်တဲ့ လက္ခဏာတွေကတော့-
 
ကျောအောက်ပိုင်းနာကျင်ခြင်း
 
ကျောက်ကပ်ရောဂါမှာတွေ့ရအများဆုံးလက္ခဏာကတော့ ကျောအောက်ပိုင်းနာကျင်တာပဲ ဖြစ်ပါတယ်။အစမှာကျောတစ်ခြမ်းကပဲနာကျင်ပြီးမှ နောက်တစ်ခြမ်းကနာကျင်လာတတ်ပါတယ်။
 
အဖုအပိန့်ထွက်ခြင်း၊အရေပြားခြောက်သွေ့ခြင်း၊ယားယံခြင်း
 
ကျောက်ကပ်ကသွေးထဲကအညစ်အကြေးတွေ ဖယ်ရှားမပေးနိုင်တဲ့အခါ သွေးထဲမှာအညစ်အကြေးတွေ စုလာတာကြောင့် ယားယံခြင်း၊အပိန့်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
 
ခန္ဓာကိုယ် အစိတ်အပိုင်းများဖောရောင်ခြင်း
 
ခန္ဓာကိုယ်ကမလိုအပ်တဲ့ အရည်တွေကိုစစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့ တာဝန် ပျက်စီးနေတဲ့အတွက် မျက်နှာ၊ခြေထောက်၊လက်၊ခြေကျင်းဝတ်နဲ့ ခြေဖမိုးတွေ ရောင်ရမ်းတတ်ပါတယ်။
 
ဆီးနဲ့ပတ်သက်တဲ့ ပြောင်းလဲခြင်း
 
ဆီးထဲမှာအမြှုပ်များပါဝင်နေတတ်ပြီးမကြာခဏဆီးသွားချင်နေတတ်ပါတယ်။ ဆီးသွားများတဲ့အခါ အရောင်ဖျော့ပြီးဆီးသွားနည်းတဲ့အခါ အရောင်ရင့်ပါတယ်။ဆီးထဲမှာသွေးပါတာမျိုးဖြစ်တတ်ပြီးဆီးသွားတဲ့အခါ  ခက်ခဲတာနာကျင်တာတွေ ဖြစ်တတ်ပါတယ်။
 
Ref:reldigezt
 
28 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.