ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခု အဖြစ် သင်ကြားသွားမယ့် တက္ကသိုလ်

elite-daily-beyonce.jpg
အမေရိကန် ပြည်ထောင်စု ၊ နယူးဂျာစီ ပြည်နယ် ၊ နယူးဘရန်းစ်ယစ်ခ် မြို့ မှာရှိတဲ့ Rutgers တက္ကသိုလ်ဟာ ကမ္ဘာကျော် အဆိုတော် ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
ထို ဘာသာရပ်မှာ ပါဝင်မယ့် သင်ခန်းစာ အမည်ကတော့ "Politicizing Beyonce" ဖြစ်ပြီး လက်ရှိ ထို တက္ကသိုလ်မှာ ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေတဲ့ Kevin Allred က သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။  ထို ဘာသာရပ် အတွက် သင်တန်းမှာတော့ အဆိုတော် ဘီယွန်ဆေး ရဲ့  သီချင်းတွေပဲ ထပ်ခါတလဲလဲ နားထောင်ခိုင်းမှာ မဟုတ်ပါဘူး။ 
 
အဓိက သင်ကြားပေးသွားမှာက လူမျိုး တွေအကြောင်း ၊ ယောကျာင်္းမိန်းမ ကွာဟမှုတွေအကြောင်း နောက်ပြီး ဘီယွန်ဆေး နဲ့ ဆက်စပ်နေတဲ့ မိန်းမ၀ါဒီ(Feminism) တွေအကြောင်း တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်ပြီး လူမည်း တွေ ၊ အမျိုးသမီး တွေ ရဲ့  ပါဝင်ပတ်သက်မှုတွေကိုလည်း ဘီယွန်ဆေး ကို ဥပမာ ပေးပြီး ဆက်စပ် အကြောင်းအရာတွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
ထို သင်တန်းကို သင်ကြားပေမယ့် Kevin Allred ကတော့ သူ့ကိုယ်သူ လိင်တူဆက်ဆံသူ လူဖြူ ယောကျာင်္း တစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့  ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.